Part-11
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
နောက်နှစ်တွေလည်း ဆက်သင်ပါတယ်၊ ကျောင်းအုပ်ဆရာမကြီးလည်း ကန့်လန့် မတိုက်တော့ပါဘူး၊ လူငယ်တော်တော်များများကို ပညာရေးလမ်းကြောင်း ပေါ် ဆွဲတင်နိုင်ခဲ့တဲ့ပွဲပါ။ ဒီပညာရေးမဟာဒါနပွဲက ရှစ်လေးလုံးရောက်မှပဲ ရပ်ဆိုင်း လိုက်ရပါတယ်။
ပညာသင်တဲ့သုံးနှစ်တာမှာ အပြင်ဖြေနဲ့ တက္ကသိုလ်ရောက်သူ (၁၇)ဦး (၃၀)ကျော်ရှိတာကလည်း မှတ်တမ်းထူးတစ်ခုပါပဲ။ ၂၀၀၈ ခုနှစ် မိမိအမေရိကန် လောက်သာ ရှိပေမဲ့၊ ရှစ်လေးလုံးကြောင့် ဟိုဘက်နိုင်ငံရောက်သွားသူကတော့ ရောက်သွားတဲ့အခါ ရွှေစေတီကျောင်းထွက် အတော်များများကို အဆင်ပြေပြေလေးနဲ့ပြန်ဆုံလို့ ဝမ်းသာခဲ့ရပါတယ်။
ဆရာနိုးအမှတ်တရစာအုပ်အတွက် စာတစ်ပုဒ်ရေးပေးပါဆိုလို့ မှတ်မိသမျှ အမှတ်တရလေးတွေကို ရေးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ မိမိကလည်း ရန်ကုန်၊ ပုဇွန်တောင်၊ မဟာညောင်ကုန်းတိုက်၊ ကန်ဦးကျောင်းမှာပဲ အနေများသလို ဆရာနိုးတို့ ဇနီးမောင်နှံကလည်း ကျောင်းနဲ့ ကပ်လျက်တိုက်ခန်း ရွှေ့လာကြလို့ သောကြာဝိုင်းပျက်ပေမဲ့ မိမိတို့စကားဝိုင်းက ညနေတိုင်းလိုလို ဆုံဖြစ်ပါတယ်။ နောက်ပိုင်းအမှတ်တရတွေကတော့ ရေးလို့ဆုံးမှာမဟုတ်လို့ ဒီလောက်နဲ့ပဲ နိဂုံးချုပ် လိုက်ပါရစေ . . .
လွမ်း...လွမ်းသေးတော့ ဆရာနိုးရာ...
ဓမ္မဘေရီ အရှင်ဝီရိယ
၂၄ - ၂-၂ဝ၂၃