11 ပတ် - ဘာသာပြန်ပါ။

ငါးအသားချောင်းကြော် (Fish Sticks)

ပါ၀င်သောပစ္စည်းများ
၁။ ငါးမြင်း (သို့) ငါးတန် အသားလွှာ - ၅၀ သား
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ ကြက်ဥ - ၂ လုံး
၄။ ရေ- ထမင်းစားဇွန်း ၂ ဇွန်း
၅။ အကြော်မှုန့်- ၂ ခွက်
၆။ ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ မုန့်ကြွပ်မှုန့်(ခေါ်) ပေါင်မုန့်ခြောက်မှုန့်(bread crumbs) - ၂ ခွက်
၈။ ကြော်ရန်ဆီ
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ငါးအသားကို အချောင်းလိုက်လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တဝက်ဖြင့်နယ်ထားပါ။
၂။ ကြက်ဥနှင့် ရေထမင်းစားဇွန်း ၂ ဇွန်းကို ဇလုံတခုထဲ ထည့်ရ်ျ ခလောက်ထားပါ။ အကြော်မှုန့်ထဲကို ဆားလက်ဖက်ရည်ဇွန်း တဝက်၊ ငရုတ်ကောင်းလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ရ်ျ သမအောင်လုပ်ထားပြီး ပန်းကန်ပြားတခုထဲထည့်ထားပါ။ မုန့်ကြွပ်မှုန့် (သို့) ပေါင်မုန့်ခြောက်ကိုလဲ အခြားပန်းကန်ပြားတခုထဲထည့်ထားပါ။
၃။ ငါးအချာင်းများကို အကြော်မှုန့်ဖြင့် တခုဆီလူးထားပါ။
၄။ ဒယ်အိုးထဲကို ကြော်ရန်အတွက် ဆီများများထည့်ရ်ျ အပူပေးပါ။ ဆီပူလာလျှင် အကြော်မှုန့်လူးထားသော ငါးချောင်းများကို ကြက်ဥထဲနှစ်၊ မုန့်ကြွပ်မှုန့် (သို့) ပေါင်မုန့်ခြောက်မှုန့်ဖြင့် ကပ်ရ်ျ ဆီပူပူထဲထည့်ကြော်ပါ။
၅။ ငါးအချောင်းများ ရွှေဝါရောင်သန်းလာလျှင် ဆီအိုးထဲမှ ဆယ်ရ်ျ ဆီစစ်ထားပါ။ သုံးဆောင်နိုင်ပါပြီဗျ။
#crd

image