11 w - Translate

တချို့က ညံ့လွန်းလို့ နေရာမရတာ
မဟုတ်ဘူး။
သူတို့ထက်သာမှန်းသိလို့
ချောင်ထိုးခံလိုက်ရတာ။
တချိုက ဦးစားပေးခံရတာ
မဟုတ်ဘူး။
ထိုးကျွေးခံလိုက်ကြရတာ။
တချို့က လူရာဝင်ဆန့်နေကြတာ
မဟုတ်ဘူး၊၊
အတင်းတိုးဝင်နေရာယူနေကြတာ။
တချို့က အသံတိတ်နေတာ
မဟုတ်ဘူး။
ပြောဆိုခွင့်မရအောင်
ပစ်ပယ်ထားခံကြရတာ။
တချို့က ပျောက်နေတာ
မဟုတ်ဘူး၊၊
အနောက်ကို
အပို့ခံလိုက်ကြရတာ။
တချို့က မထင်ပေါ်တာ
မဟုတ်ဘူး၊၊
စင်ပေါ်ကလူတွေကို
ပြုံးပြုံးကြီး ကြည့်နေကြတာ။
မိုးခါးရေ မသောက်သည့် သင့်အနေနဲ့
ဘာအတွက်မှ အားမငယ်စေနဲ့ ။
ခါးသက်သက် အမှန်တရားကလည်း
နောက်နည်းနည်း ကျတတ်ပါတယ်။
crd...

image