ဘဝမှာ လူတစ်ယောက်ကို သီချင်းတွေ၊ရနံ့တွေနဲ့ တွဲပြီးမှတ်မိနေတာဟာ ကြောက်စရာအကောင်းဆုံးပဲ။
မသိမသာရော၊ သိသိသာသာပါ ရူးမူးခဲ့ရတဲ့ဖြစ်စဉ်တွေဟာ အဲ့ဒီအရာတွေနဲ့ အစပျိုးခဲ့လိုက်တာ။ အချိန်တွေကြာသွားရင်တောင် သူ့ဆီကနေပြေးပုန်းလို့ရမယ့်နေရာကို ခက်ခက်ခဲခဲ ရှာဖွေနေရတုန်း။