10 ပတ် - ဘာသာပြန်ပါ။

ဒလတံတားတည်ဆောက်မှု စီမံကိန်းတစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားတည်ဆောက်မှု စီမံကိန်းတစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးလုပ်ငန်းမှ သိရသည်။

လက်ရှိတွင် တံတားတစ်ခုလုံး၌ ပင်မတံတားတည်ဆောက်ရေးလုပ်ငန်းများသာ ကျန်ရှိတော့ကြောင်း ယခုနှစ်အတွင်းပြီးစီးရန်လျာထားကြောင်း သိရသည်။

"သတ်မှတ်ချိန်အတွင်းပြီးစီးဖို့ လုပ်နေတယ်။ ၂၄ နာရီလုံး နေ့ဆိုင်းနဲ့ ညဆိုင်းခွဲပြီးလုပ်နေတယ်။ တော်တော်များများလည်းပြီးနေပါပြီ။" ဟု တံတားတည် ဆောက်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် တံတားပန္နက်တင်ပြုလုပ်ခဲ့ပြီး ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှုရန်ပုံငွေချေးငွေနှင့် အစိုးရထည့်ဝင်ငွေအပါအဝင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံတည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါတံတားကြီး၏ စုစုပေါင်းအရှည်မှာ ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ တံတားခံနိုင်ဝန် ၇၅ တန် ရှိပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ကြောင်း၊ တံတားပြီးစီးသွားပါက ဒလနှင့်ဆက်စပ်မြို့နယ်များ ဖြစ်သည့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

#centralnewdnaypyitaw

image