11 ပတ် - ဘာသာပြန်ပါ။

ရာအူးလ် အဆန်ဆီယိုကတော့ ညကမန်စီးတီးအသင်းနဲ့ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မှာ အတော်လေးကိုကောင်းခဲ့တာပါ။
ရူဒီဂါဒဏ်ရာရရှိသွားတာကြောင့် ရရှိလာတဲ့ဒီလိုအခွင့်အရေးမျိုးကို အဆန်ဆီယိုအနေနဲ့ အကောင်းဆုံးအသုံးချနိုင်ခဲ့တာဖြစ်ပြီး၊တစ်ဦးချင်းအတွေ့မှာဖျက်ထုတ်ပုံတွေ၊ boxထဲကိုမျှောပေး‌တဲ့ဘောလုံးမျိူးကို ရဲရဲ၀င်တာမျိူးတွေက ရာမို့စ်ကြီးကိုပြန်မြင်နေရတဲ့အတိုင်းပါပဲ။
ဟာလန်း၊ ဒီဘရိုင်းတို့လိုကစားသမားတွေဆို အဆန်ဆီယိုကိုကျော်ဖြတ်ဖို့အတော်လေးကိုရုန်းကန်ခဲ့ရတာတွေ့ရပြီး၊ ရီးရဲလ်မက်ဒရစ်ရဲ့ခံစစ်တန်းတစ်ခုလုံးကို အဆန်ဆီယိုကပဲ ဦးဆောင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။
မထုံတထေးမျက်နှာထားနဲ့ ဘယ်သူ့ကိုမှရှိန်မနေပဲနောက်တန်းမှကြမ်းပြနေတာမျိုးကို၊ မက်ဒရစ်ဖန်တွေကလည်း အတော်လေးသဘောတွေ့ခဲ့ကြပြီး ၊ အဆန်ဆီယိုတစ်ယောက် ပွဲကြီးတွေမှာသုံးလို့ရတဲ့အရည်အချင်းမျိုး ကောင်းကောင်းရှိနေပြီ ဖြစ်ပါတယ်။

image