အသင်းရဲ့တိုက်စစ်ကစားသမား ​ဆာကာ အနေနဲ့ အပေါ့စားလေ့ကျင့်ရေးတွေစတင်ပြန်လည်လုပ်ဆောင်လာနိုင်ခဲ့ပြီး သတ်မှတ်ထားတာထက်အရင်ပြန်လည်ပါဝင်လာနိုင်ဖို့အခွင့်အရေးရှိနေပါတယ်လို့ အာဆင်နယ်အသင်းကဖွင့်ဟပါတယ်။

အဂ်လန်ကစားသမားဟာ ဒဏ်ရာရရှိခဲ့ပြီးနောက်ခွဲစိတ်မှုခံယူရတဲ့အထိဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းကပြန်လည်ထူထောင်ရေးလုပ်ဆောင်နေတာဖြစ်ကာ အရင်သတ်မှတ်ထားချက်တွေအရကစားသမားဟာ မတ်လအထိပွဲကစားခွင့်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

ဂန်းနားအသင်းအနေနဲ့ ဆောင်းရာသီကာလအတွင်းဒူဘိုင်းမှာသွားရောက်လေ့ကျင့်ရေးလုပ်ဆောင်နေပြီး လက်စတာစီးတီးနဲ့ကစားရမဲ့ဒီတပတ်ပွဲစဉ်မတိုင်ခင် ကာယကံရှင်အနေနဲ့ ကြံ့ခိုင်မှုပြန်လည်ရရှိရေးအတွက်အသင်းဖော်တွေနဲ့အတူခရီးလိုက်သွားခဲ့တာဖြစ်ပါတယ်။

ကလပ်အသင်းအနေနဲ့လည်း ကြံ့ခိုင်မှုပြန်ရဖို့လေ့ကျင့်ရေးလုပ်ဆောင်နေတဲ့ဆာကာပုံကိုဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒဏ်ရာပြသနာရှိနေသေးတဲ့ဆာကာအပြင် တခြားတိုက်စစ်မှူးဖြစ်တဲ့ဂါဘရီရယ်လ်ဂျီးဆပ်စ်နဲ့ဂါဘရီရယ်မာတင်နယ်လီတို့ဟာလည်းဒဏ်ရာကြောင့်အသုံးပြုနိုင်ဦးမှာမဟုတ်ဘဲ ၂ ယောက်စလုံးဟာ လနဲ့ချီပြီးအနားယူရမှာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image