11 ပတ် - ဘာသာပြန်ပါ။

#နိုင်ငံတကာသတင်း
◾️OpenAI ကို ဝယ်ယူရန် အီလွန်မာ့စ် ကမ်းလှမ်းမှုငြင်း ပယ်ခံရ
အီလွန်မာ့စ် ဦးဆောင်သော ရင်းနှီးမြုပ်နှံသူ အဖွဲ့တစ်ဖွဲ့က OpenAIဉာဏ်ရည်တုလုပ်ငန်း နောက်ကွယ်မှ အကျိုးအမြတ်မယူသောလုပ်ငန်းကို အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄ ဘီ လီ ယံဖြင့် ဝယ်ယူရန်ကမ်းလှမ်းခဲ့ခြင်းနှင့်အတူ လွန်ခဲ့သော ဆယ်နှစ်တွင်၎င်း ပါဝင် တည် ထောင်ခဲ့သော လုပ်ငန်းနှင့် အငြင်းပွားမှု ပိုမိုကြီး ထွား လာခဲ့ရသည်။
မာ့စ်နှင့် ၎င်း၏ကိုယ်ပိုင် ဉာဏ်ရည်တုလုပ်ငန်း xAI နှင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ အဖွဲ့က လူကြိုက်များသည့် ChatGPT ဉာရည်တုနည်းပညာထုတ်လုပ်သူနေရာအား ထိန်း ချုပ်မှု ရယူပြီး နဂိုမူလအတိုင်း အကျိုးအမြတ်မယူသော သုတသနအဖွဲ့အစည်းအဖြစ် ပြန်လည် ထားရှိ ရန် အလိုရှိကြကြောင်း အီလွန်မာ့စ်၏ ရှေ့နေ မာ့ခ်တိုဘာရော့ဖ် က ပြော ကြားသည်။
OpenAIအမှုဆောင်အရာရှိချုပ် ဆန်အတ်မန်းကမူ ယင်းကမ်းလှမ်းမှုကို မာ့စ်ပိုင် ဆိုင် သော X လူမှုကွန်ရက်ပေါ်မှ မြန်မြန်ဆန်ဆန်ပင် ပယ်ချလိုက်သည်။
“ နိုးပါ ။ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း ခင်ဗျားဆန္ဒရှိရင် ကျွန်တော်တို့က တွစ် တာကို ဒေါ်လာ ၉ ဒသမ ၇၄ ဘီလီယံနဲ့ ဝယ်မယ်။” ဟု အတ်မန်းက ရေး သားခဲ့သည်။
မာ့စ်က တွစ်တာကို ၂၀၂၂ ခုနှစ် က ဒေါ်လာ ၄၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
မာ့စ် နှင့် အတ်မန်းတို့က ၂၀၁၅ ခုနှစ်တွင် OpenAI အားကူညီတည်ထောင်ခဲ့ကြပြီး နောက်ပိုင်းတွင် မည်သူက ဦးဆောင်သင့်သည်ဆိုသည်ကို အားပြိုင်ခဲ့ကြသည်။
၂၀၁၈ ခုနှစ် တွင် အီလွန်မာ့စ် ယင်းကုမ္ပဏီမှ နုတ်ထွက်ခဲ့သော်လည်း OpenAI ၏ ဦး တည်ချက်နှင့်ပတ်သက်၍ ဆက်လက်၍ အငြင်းပွားနေခဲ့ကြသည်။
OpenAI ၏ အကျိုးအမြတ်မယူသော ဘုတ်အဖွဲ့ က ၂၀၂၃ ခုနှစ်တွင် အမှုဆောင် အရာရှိ ချုပ် အတ်မန်း အား ထုတ်ပယ်လိုက်သော်လည်း ရက်ပိုင်းအတွင်းမှာပင် အတ်မန်း က ဘုတ်အဖွဲ့အသစ်နှင့် ကုမ္ပဏီဦးဆောင်နေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။

image