ထိုင်းနိုင်ငံ မဲဆောက်သို့ ပြန်လည်သယ်ဆောင်လာတဲ့ စောအယ်စေးမူးရဲ့ ရုပ်ကလာပ်
Galaxy Star ပြိုင်ပွဲဝင် အဆိုတော် စောအယ်စေးမူးရဲ့ ရုပ်ကလာပ်ကို ဒီနေ့မှာပဲ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သယ်ဆောင်လာခဲ့တာပါ။ မဲဆောက်က ဘုရားကျောင်းမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မြေချဝတ်ပြုခြင်းအစီအစဉ်ကို ပြုလုပ်မှာဖြစ်ပြီး မဲ့ကဆာ ခရစ်ယာန်သင်္ချိုင်းမှာ သွားရောက်မြေချမှာဖြစ်တယ်လို့ သိရပါတယ်။ စောအယ်စေးမူးဟာ ကရင်လူမျိုး အဆိုတော်တစ်ဦးလည်း ဖြစ်ပြီး ပြိုင်ပွဲဝင်စဉ်က သူ့ရဲ့ဂရုဏာအသံလေးတွေကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးခဲ့ကြတာပါ။
