11 ပတ် - ဘာသာပြန်ပါ။

အသက်(၂၁)အရွယ်အမျိုးသမီးကို ယွမ်လေးသောင်းဖြင့် တရုတ်မယားအဖြစ် ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများ နှစ်ရှည်ထောင်ချခံရ

ဖေဖော်ဝါရီ ၁၁

တင်တောင်းငွေ ယွမ်လေးသောင်းရမည်ဟုဆိုကာ အသက်(၂၁)အရွယ်အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများ နှစ်ရှည်ထောင်ချခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ တကုန်းကျေးရွာတွင်နေထိုင်သော နန်းထွေးနှင့် မြင့်မြင့်စန်းတို့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာတွင်နေထိုင်သော အသက်(၂၁)နှစ်အရွယ်ရှိ မ....ကို တရုတ်ဇနီးမယားအဖြစ်ဆောင်ရွက်ပါက တင်တောင်းငွေအဖြစ် တရုတ်ငွေယွမ်လေးသောင်း ရရှိမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ၎င်းအမျိုးသမီး(၂)ဦးကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီးမြို့မရဲစခန်းတွင် (ပ)၃၁၀/၂၀၂၄ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အောင်မြေသာစံခရိုင်တရားရုံးမှ (၂၀ ၂၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်တွင် ပြစ်မှုကျူးလွန်သူ နန်းထွေးနှင့် မြင့်မြင့်စန်း တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ ရက် )က လူမှုကွန်ယက်စာမျက်နှာထက်တွင် နာမည်ကြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ဘဝရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီးငယ်၏ အိမ်သို့သွားပြီး အခြေအနေပေါ် အခွင့်အကောင်းယူ၍ ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တင်ခဲ့သည့် တရုတ်နိုင်ငံသားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းမိခဲ့ပြီး ပါဝင်ပတ်သက်သူများဖြစ်သည့် မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာတို့ကို ဒလမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

#centralnewsnaypyitaw

image