1 y - Translate

(၂၀၂၃-၂၄)ရာသီတွင် ပုံစံကောင်းရနေပြီး အင်္ဂလန်တောင်ပံကစားသမားများ

ကိုးလ် ပါးလ်မား (ချယ်လ်ဆီး)
ဘာကာယို ဆာကာ (အာဆင်နယ်)
ဖီးလ် ဖိုဒန် (မန်ချက်စတာစီးတီး)

ကစားသမား(၃)ဦးစလုံးဟာ မိခင်အသင်းအတွက် ယခုနှစ်ရာသီတွင် ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမားများဖြစ်သည်။ချယ်လ်ဆီးတောင်ပံကစားသမား ပါးလ်မားဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်တွင် (၂၀)ဂိုးသွင်းယူထားကာ (၉)ဂိုးဖန်တီးပေးထားနိုင်ပြီး သွင်းဂိုး (၂၉)ကြိမ်ပါဝင်ပတ်သတ်ထားနိုင်သူဖြစ်သည်။အာဆင်နယ်တောင်ပံကစားသမား ဆာကာဟာ (၁၄)ဂိုးသွင်းယူထားနိုင်ကာ (၈)ဂိုးဖန်တီးပေးထားနိုင်သလို မန်စီးတီးတောင်ပံကစားသမား ဖိုဒန်ကလည်း (၁၄)ဂိုးသွင်းယူထားနိုင်ပြီး (၇)ဂိုးဖန်တီးပေးထားနိုင်သည်။တောင်ပံကစားသမား (၃)ဦးစလုံးဟာ အင်္ဂလန်လက်ရွေးစင်အဖြစ် ကစားခွင့်ရရှိထားသူများဖြစ်သည်။ဆာကာဟာ နည်းပြ ဆောက်ဂိတ်ရဲ့ အဓိကကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဖိုဒန် ဟာလည်း ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။ပါးလ်မား အနေနဲ့ ယူ(၂၁)မှ ထင်ရှားလာသူဖြစ်ပြီး ချယ်လ်ဆီး အသင်းအတွက် ယခုနှစ်ရာသီတွင် ခြေစွမ်းပြနေသူတစ်ဦးဖြစ်သည်။

image