22 ပတ် - ဘာသာပြန်ပါ။

Part.1
(ရခိုင်သမိုင်းကို ဒဏ္ဍာရီပုံပြင်များမှသည် လက်တွေ့ဖြစ်ရပ်များအဖြစ် ပုံဖော်ခဲ့သူတစ်ဦး အကြောင်း)

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသနနယ်ပယ်မှာ
နိုင်ငံခြား သုတေသီပညာရှင် အတော်များများ
ပေါ်ထွက်ခဲ့ပါသည်။ မြန်မာတိုင်းရင်းသားများထဲမှာမူ လက်ချိုး ရွေကြည့်လျင် လက်တဖက်ပင် ပြည့်မည်
မထင်ပါ။ အထူးသဖြင့် ရခိုင် ခေတ်ဦးကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့်ပတ်သက်၍
စနစ်တကျ သုတေသနပြုသူ အလွန်နည်းပါးခဲ့သည်။ ရခိုင်တိုင်းရင် းသားများထဲ့မှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ်
ဦးဦးသာထွန်း၊ ဦးအောင်သာဦးတို့သာ ထင် ထင်ရှားရှားရှိခဲ့သည်။ အခြားထင်ရှားသူ တဦးမှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ၊
နောင်တွင် အထက်တန်းပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ဖြစ်လာသူ ရခိုင်အမျိုးသား ဦးစံသာအောင်
(၁၉၂၅-၁၉၈၁) ဖြစ်သည်။

ဦးစံသာအောင်သည် အမေရိကန်ပြည်ထောင် စုဟားဗတ်တက္ကသိုလ်မှ ရူပဗေဒဖြင့် မဟာသိပ္ပံဘွဲ့ A.M. (Physics)ရ၍ ရူပဗေဒ ပါမောက္ခ၊ အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင့်ခဲသော်လည်း ရှေးဟောင်း ရခိုင်သမို ုင်းနှင့် ယဉ်ကျေးမှုပညာရှင်အဖြစ် ပိုမိုထင်ရှားခဲ့့ပါသည်။

ရှေးဟောင်း ရခိုင်သမိုင်းနှင့်ပတ်သက်၍ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက် စနစ်တကျ တူးဖော်မှုအားနည်းခဲ့သည်။ ထို့ပြင် ရခိုင်ရာဇဝင်သည်လည်း အခြားသော ရာဇဝင် များနည်းတူ ဒဏ္ဍာရီဆန်သော
ရှေးဟောင်းအစဉ်အလာ ပြောစကားများ၊ ထူးကဲ့ အံ့သြဖွယ်ရာများနှင့် ဆက်နွှယ်နေရာ ခိုင်မာမှု မရှိလှချေ။
သို့သော် အေဒီ ၇၂၉ ဝန်းကျင်တွင် ရေးထိုးခဲ့သည်ဟု ယူဆရသော အာနန္ဒ စနြ္ဒကျောက်စာကို ရခိုင်ပြည်နယ်
မြောက်ဦးရှိ ရှစ်သောင်းဘုရား၌ တွေ့ရှိခဲ့ရာမှ ခေတ်ဦး ရခိုင်သမိုင်းသည် ပိုမိုပီပြင် လာပါသည်။

ဦးစံသာအောင်သည် 'အာနန္ဒစနြ္ဒ၊ ရှစ်ရာစု ရခိုင်ဝေသာလီမင်း' စာအုပ်ကိုလည်း ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

ဦးစံသာအောင်၏ စာအုပ်တွင် အခန်း ၁၄ခန်း ခွဲထားသည်။ အခန်း (၁)တွင် ကျောက်စာတိုင် တည်နေရာနှင့်
ရေးထိုးထားသော စာများ၊ အခန် း (၂) ွတွင် ဝေသာလီ၊ အခန်း (၃) တွင် အာနန္ဒစနြ္ဒကျောက်စာကို ဖတ်ခြင်းများ၊
အခန်း (၄) တွင် အာနန္ဒစနြ္ဒမင်းကျောက်စာ ဓာတ် ပုံများ၊ အခန်း (၅) တွင် အာနန္ဒစနြ္ဒမင်း ကျောက်စာသုံးဗျည်းအစ သရအလယ် သရနှစ်လုံးဆင့်များနှင့် အသတ်များ၊ အခန်း ( ၆) တွင် တကြောင်းချင်း ယခုခေတ် မြန်မာအက္ခရာဖြင့် ဖလှယ်ခြင်း၊ ခန်း (၇) တွင် ကျောက်စာ စာကိုယ်ဝေါဟာရအဖြစ်နှင့် မြန် မာပြန်၊ အခန်း (၈) တွင်
ခေတ်ဦးကာလ ရခိုင်မင်းဆက်၊ အခန်း (၉) တွင် ဒုတိယခေတ်မင်းဆက်၊ အခန်း (၁ဝ) တွင် တတိယခေတ်
မင်းဆက်၊ အခန်း (၁၁) တွင် အာနန္ဒစနြ္ဒမင်း၊ အခန်း (၁၂) တွင် မှတ်သားဖွယ်ရာများ၊ အခန်း (၁၃) တွင်ဝေသာလီမှ စေတီသည်ကျောက်စာငယ်၊ အခန်း (၁၄) တွင် ဝေါဟာရအညွှန်းဟူ၍ စနစ်တကျ
တင်ပြထားသည်။ လိုအပ်သော ဓာတ်ပုံ၊ မြေပုံ၊ ရုပ်ပုံများ အပြည့်အစုံ ပါဝင်သည်။ ကျောက်စာကို တလုံးချင်းအဓိပ္ပာယ်ဖလှယ်၍ ကျောက်စာဖတ်ပုံ နည်းစနစ်ကို ရှင်းလင်းထားသည်။ ထို့ပြင်ခေတ်ဦး ရခိုင်မင်းဆက်
အမည်များကို ကျောက်စာပါ သက္ကရာဇ်များနှင့် ညှိနှိုင်းထားရာ ရခိုင်သမိုင်း၊ ဒင်္ဂါးနှင့် ဗုဒ္ဓအနု ပညာလေ့လာလိုသူများအတွက်ပါ အထူးအသုံးဝင်လှပါသည်။

ခေတ်ဦးရခိုင်နှင့်ပတ်သက်၍ ဦးစံသာအောင်၏ ပထမဦးဆုံး သုတေသနလက်ရာမှာ ၁၉၇၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သော 'အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင် ပြည်သုံးအက္ခရာ' စာအုပ် ဖြစ်သည်။

ဦးစံသာအောင်၏ တတိယမြောက် သုတေသန လက်ရာမှာ ၁၉၇၉ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော 'ရခိုင်ဒင်္ဂါးများ'
ဖြစ်သည်။ ယင်းစာအုပ်ကို ဦးစံသာအောင်ကွယ် ွလွန်ပြီးနောက်၁၉၈၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Lancashire andChesice Numismatic Spciety မှ 'Arakanse Coins' အမည်ဖြင့် အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေခဲ့သည်။
ဘာသာပြန်သူမှာ မစ္စတာရော်ဘင်ဆင် (Mr. Robinson) နှင့် အေးဆက် (Aye Set) တို့ဖြစ်သည်။

ဦးစံသာအောင်၏ နောက်ဆုံးလက်ရာမှာ ၁၉၇၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထု တ်ဝေခဲ့သည့်ခေတ်ဟောင်း ရခိုင်ဗုဒ္ဓအနု ပညာလက်ရာများ 'The Buddhist Art of Ancient Arakan' စာအုပ်ဖြစ်သည်။
ဤစာအုပ်တွင် အေဒီ ၈-ရာစု အာနန္ဒစဏ္ဍန္ဒမင်း မတိုင်မီ ရခိုင်ရာဇဝင်လာ မင်းဆက်များကို ုခေတ်သုံးခေတ်ပိုင်းခြား၍ မင်းဆက်ဇယားများနှင့် တင်ပြသည်။ ထို့နောက် ဓညဝတီနှင့် ဝေသာလီမြို့ဟောင်းတိုကို
မြေပုံအညွှန်းနှင့် အသးစိတ်လေ့လာ တင်ပြထားသည်။ ထိုမှတဆင့် ရခိုင်ဒေသမှ တူးဖော်တွေ့ရှိရသော ဗုဒ္ဓ
ယဉ်ကျေးမှုဆိုင်ရာ ရုပ်ပွားတော်များ၏ မုဒြာဟန်အမျိုးမျိုးကို ဆွေးနွေတင်ပြသည်။ ထို့ပြင်ထူးခြားသော
မကိုဋ်ဆောင်း ရုပ်ပွားတော်များနှင့် ပြည့်ဖြဖြိုးဟန် (ုဗိုက်ပူ) ရုပ်ပွားတော်များကို လေ့လာရှင်းလင်းထားသည်။
ဗုဒ္ဓ
ရုပ်ပွားတော်များအပြင် ရခိုင်ရှေးဟောင်း ဒင်္ဂါးများ၊ အုတ်ခွက်များ၊ ကြေးနီပြား၊ ကြေးခေါင်းလောင်းနှင့်
ကြေးဆီမီးတိုင် ရုပ်တုအမျိုးမျိုး ဓာတ်ပုံ၊ မြေပုံ၊ ကျောက်စာ မိတ္တူများ ပါဝင်ရာ ခေတ်ဦးရခိုင်ဗုဒ္ဓအနုပညာနှင့်
ပတ်သက်၍ အားရဖွယ်ကျမ်းတစောင်ဟု ပညာရှင်များက သုံးသပ့်ခဲသည်။
#crd
#rakhineculture

image