16 ပတ် - ဘာသာပြန်ပါ။

အဂ်လန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီးမန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီဇန်နဝါရီကာလကစားသမားအပြောင်းအရွှေ့စျေးကွက်ကာလမှာ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး အိုမာလ်မာမူချ်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိရေးအတွက်ရာနှုန်းပြည့်လုပ်ဆောင်နေတယ်လို့ အဂ်လန်နာမည်ကြီးဒေးလီးမေးလ်သတင်းကဖော်ပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် အိုမာလ်မာလ်မူချ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အသင်းတွေဖြစ်တဲ့လီဗာပူးလ်အသင်းနဲ့အာဆင်နယ်အသင်းတို့အပါအဝင် မန်စီးတီးအသင်းရဲ့ပစ်မှတ်ကစားသမားဖြစ်နေပေမဲ့ ကြိုးကြာနီအသင်းနဲ့ဂန်းနားအသင်းတို့ဟာ အဲရင်ဟာလန်းရဲ့ဂိုးသွင်းနိုင်မှုတာဝန်တွေကိုခွဲယူနိုင်ရေးအတွက်တိုက်စစ်ပိုင်းဆီအားဖြည့်ချင်နေတဲ့မန်စီးတီးအသင်းလိုအမှန်တကယ်ရှေ့ဆက်လုပ်ဆောင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဟူလီယန်အယ်လ်ဗာရက်ချ်ကိုအက်သလက်တီကိုမက်ဒရစ်အသင်းဆီရောင်းချခဲ့ပြီးအကျိုးသက်ရောက်မှုရှိလာခဲ့ပြီးနောက်မှာတော့ တိုက်စစ်ပိုင်းနေရာစုံမှာကစားနိုင်တဲ့အိုမာလ်မာလ်မူချ်ကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။အဆိုပါအီဂျစ်တိုက်စစ်မှူးအနေနဲ့ ဒီရာသီကာလမှာခြေစွမ်းပြကစားနေပြီး ဖရန့်ဖတ်အသင်းနဲ့ ပြိုင်ပွဲစုံ ၂၄ ပွဲပါဝင်ကစားထားရာမှာ ၁၈ ဂိုးသွင်းထားကာ ၁၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ဖရန့်ဖတ်အနေနဲ့ အိုမာလ်မာလ်မူချ်ကို ဥရောပချန်ပီယံလိဂ်ဝင်ခွင့်နေရာရရှိရေးအတွက်အကူအညီပေးဖို့အတွက်အသင်းမှာဆက်ရှိစေချင်နေတာကြောင့်ဆောင်းရာသီကာလစျေးကွက်မှာအသင်းကနေလက်လွှတ်ချင်မှာမဟုတ်ပါဘူး။လက်ရှိမှာလည်း သူတို့အသင်းအနေနဲ့ဂျာမန်ဘွန်ဒက်လီဂါလိဂ်အဆင့် ၃ နေရာမှာရပ်တည်နေကာ မန်ချက်စတာစီးတီးအသင်းရဲ့တရားဝင်ချိတ်ဆက်မှုကိုငြင်းပယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း မန်ချက်စတာစီးတီးအသင်းရဲ့တရားမဝင်ဆွေးနွေးမှုတွေဟာ ရှေ့ဆက်သွားနေပြီး သိပ်မကြာတော့တဲ့ရက်ပိုင်းလောက်မှာသဘောတူညီမှုရလိမ့်မယ်လို့ခန့်မှန်းရပါတယ်။မန်စီးတီးအသင်းအနေနဲ့ကတော့ ဖရန့်ဖတ်အသင်းကို ကစားသမားရဲ့ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၅၀ ပေးချေဖို့အဆင်သင့်ဖြစ်နေပါတယ်။
 
#ဘောလုံးသတင်းစုံ

image