16 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။သက်တမ်းကုန်ရန်၁၁ရက်သာလို​တော့သည့်အ​မေရိကန်ဒီမိုကရက်တစ်အစိုးရသည်စစ်မီးမြင့်​စေရန်​ယခုရက်အတွင်းစစ်လက်နက်အ​ထောက်အပံ့​ဒေါ်လာသန်း၅၀၀ဖိုးယူကရိန်းသို​ပေးရန်တက်သုတ် ရိုက်ပြင်ဆင်လျက်ရှိသည်။

၂။ထရမ့်၏မက္ကဆီကိုပင်လယ်​ကွေ့ကိုအ​မေရိကန်ပင်လယ်​ကွေ့ဟု​ပြောင်း​ခေါ်ရန်​ပြောဆို​နေမှုအားမက္ကဆီကိုသမ္မတက၁၆၀၇ခုနှစ်တွင်အ​မေရိကန်ကသိမ်းယူသွား​သောမက္ကဆီပိုင်နက်​ဟောင်းများကိုမက္ကဆီကန်အ​မေရိကဟု​ခေါ်ရန်တုန့်ပြန်​ပြောဆိုလိုက်သည်။

၃။နိုင်ဂျီးရီးယားနိုင်ငံအ​ရှေ့​မြောက်​ဘော်နို​ဒေသရှိစစ်စခန်းတစ်ခုကိုအစ္စလမ်မစ်စစ်​သွေး​ကြွများကလာ​ရောက်တိုက်ခိုက်ရာစစ်သား ၆ဦးနှင့်စစ်​သွေးကြွ ၃၂ဦး​ သေဆုံးသည်။

၄။သက်တမ်းကုန်​တော့မည့်အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီးဘလင်ကန်ကဂရင်းလန်းကိုအ​မေရိကန်နိုင်ငံအတွင်း​ပေါင်းစည်းရန်ထရမ့်၏​ပြောကြားချက်သည်ဆိုးဝါးပြီးလက်​တွေ့ဖြစ်လာစရာမရှိဟု​ဝေဖန်လိုက်သည်။

၅။အိမ်​ခြေတစ်​ထောင်​ကျော်မီး​လောင်ခံလိုက်ရ​သော​လော့စ်အိန်ဂျယ်လိစ်မီး​လောင်မှုတွင်ငြိမ်းသတ်​ရန်​ရေမလုံ​လောက်မှုအ​ပေါ်ထရမ့်က​ပြည်နယ်အုပ်ချုပ်​ရေးမှူးအားပြစ်တင်ရှုချလိုက်သည်။

၆။ဂရင်းလန်းကျွန်းကိုအ​မေရိကန်ကကျူး​ကျော်ဝင်​ရောက်မည်ကိုဥ​ရောပသမဂ္ဂကခွင့်ပြုမည်မဟုတ်ဟုပြင်သစ်နိုင်ငံခြား​ရေးဝန်ကြီးက​ပြောလိုက်သည်။

၇။အ​မေရိကန်​အောက်လွှတ်​တော်တွင်ထားရှိ​သောကွယ်လွန်သူသမ္မတ​ဟောင်းဂျင်မီကာတာ၏ရုပ်ကလပ်ကိုထရမ့်လာ​ရောက်ဂါရဝမပြုမီလွှတ်​တော်အ​ဆောက်အဦအတွင်းသို​တောခုတ်ဓါးနှင့်ဓါး​မြှောင်သုံး​ချောင်းအိတ်အတွင်းထည့်ကာဝင်ရန်ကြိုးစားသူကိုရဲကဖမ်းဆီးလိုက်သည်။

NOM