16 ပတ် - ဘာသာပြန်ပါ။

“တာဝန်ယူမှုမဲ့သည့် ဆေးခန်းများ အန္တရာယ်”
----------------------
လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က အလုပ်ကနေ ပြန်သွားတဲ့ မဇာခြည်ဦး တစ်ယောက် တစ်ရက်လည်းပေါ် မလာ၊ နှစ်ရက်လည်းပေါ်မလာတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေက လူပျောက်သွားတိုင်ခဲ့ပါတယ်။ အဲဒီအချိန် ကစပြီးရှာဖွေမှုတွေလုပ်ခဲ့ကြပါတယ်။ ဒဂုံဆိပ်ကမ်းမှာရုပ်အလောင်းတွေ့ရှိတယ်ဆိုတဲ့သတင်းရပြီးနောက်မှာ ဆက်လက်စုံစမ်းမှုတွေကြောင့် သေဆုံးသူရဲ့ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ဇန်နဝါရီလ ၂ ရက်နေ့က ပြန်တွေ့ခဲ့ပါတယ်။

မဇာခြည်ဦးဟာ အလှအပရေးရာဆေးခန်းတစ်ခုမှာ ၄င်းခန္ဓာကိုယ်အတွင်းရှိအဆီထုတ်ကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆေးကုသပေးတဲ့ဆေးခန်းနဲ့ ဆရာဝန်အမည်ခံသူက သေဆုံးသွားတဲ့ မဇာခြည်ဦးအပေါ် တာဝန်ယူမှုမရှိဘဲ ရုပ်အလောင်းကိုဖျောက်ဖျက်စွန့်ပစ်ခဲ့တဲ့ပြစ်မှုမျိုး ကျူးလွန်ခဲ့တာဖြစ်ပါ တယ်။ ရုပ်အလောင်းရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အပ်ပေါက်ရာတွေတွေ့ရပြီး အောက်ပိုင်းမှာလည်း ညိုမဲဒဏ်ရာတွေနဲ့ တွေ့ရတယ်လိုဆိုပါတယ်။

“ရုပ်အလောင်းကိုပြန်ရချိန်ဘယ်လိုဖြစ်တာလဲဆိုပြီးလိုက်ရှာဖွေတော့မှ သူ(သေဆုံးသူ)နဲ့နောက်ဆုံးစကား ပြောခဲ့တဲ့ သူငယ်ချင်းဆီက သိရတာက သူကဒီဆေးခန်းကိုသွားတယ်၊ဒီလိုမျိုးလုပ်တယ်ဆိုတာတွေကိုသိခဲ့ရတာ” လို သေဆုံးသူရဲ့ မိတ်ဆွေတစ်ဦးက အင်တာနက်လူမှုကွန်ရက်ကတဆင့် ပြောပြပါတယ်။

“မိတ်ဆွေ၊သူငယ်ချင်းတွေကသာ ဒီအခြေအနေအပေါ်မှာသေချာမလိုက်ခဲ့ဘူးဆိုရင် သူမအခုလိုသေဆုံးသွား တာကို မသိရတဲ့အပြင် ရုပ်အလောင်းကိုတောင်ပြန်မရနိုင်ပါဘူး” လို ဆက်ပြီးပြောပြထားပါတယ်။

အခုဖြစ်ရပ်ဟာလူပြောများတဲ့သေမှုသေခင်းတစ်ခုဖြစ်ခဲ့သလို ဆရာဝန်အမည်ခံ ဆေးရုံ၊ဆေးခန်းတာဝန်ရှိသူ အချိုရဲ့ တာဝန်မဲ့မှု၊ ပေါ့ဆမှုတွေကြောင့် အသက်ဆုံးရှုးရတဲ့ဖြစ်စဉ်တွေဟာ ယနေ့အချိန်အထိလူထုကြားမှာ အန္တရာယ်ပေး ပျံနှံနေဆဲလိုဆိုနိုင်ပါတယ်။ ဥပဒေမဲ့ တရားမဝင် ဆေးကုသမှုတွေအပေါ် ကြပ်မတ်အရေးယူမှု အားနည်းတာကြောင့်လည်း ကြောက်စရာကောင်းတဲ့ ရာဇဝတ်ပြစ်မှုမျိုးတွေအထိ ကျူးလွန်ရဲတင်းလာကြတာကို မဇာခြည်ဦးရဲ့အဖြစ်အပျက်က မီးမောင်းထိုးပြနေပါ တယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်း ၅၁၂၄ ခု၊အထူး ကုဆေးခန်း ၁၀၀၂ ခုနဲ့ အထွေထွေရောဂါကုဆေးရုံကြီး ၂၇၀ အထိလုပ်ငန်းလိုင်စင်များခွင့်ပြုလုပ် ဆောင်လျက်ရှိတယ်လို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ သတင်းတွေမှာဖော်ပြထားတာတွေ့ရပါ တယ်။ဒီအထဲမှာ အလှအပဆေးခန်းတွေက အထူးကုဆေးခန်းတွေအနေနဲ့မှတ်ပုံတင်ထားတယ်ဆိုရင်တော့ ကုသခွင့်ရှိပေမယ့် အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ သာမာန်အထွေထွေရောဂါကု ဆေးခန်းအဖြစ်မှတ်ပုံတင်ထားရင် လုပ်ခွင့်မရှိဘူးလို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်တစ်ဦးက ပြောထားပါတယ်။

တရားမဝင်ဆေးဝါး၊ ခွဲစိတ်ခန်း နဲ့ နိုင်ငံခြားသားအပါအဝင် တရားမဝင်ဆေးကုသသူတွေရှိနေတဲ့ ဆေး ခန်းတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူနိုင်ပါတယ်။အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိကကျန်းမာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေတွေနဲ့ တရားစွဲဆိုလို့ရပါတယ်။အလွန်အကြူးကြော်ငြာနေတဲ့ ဆေးခန်းတွေနဲ့တရားမဝင်ဆေးကုသနေတယ်လိုသံသယရှိခဲ့ရင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော် မတီကိုတိုင်ကြားနိုင်ပါတယ်။ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအနေနဲ့လည်း ကျော်စောသတင်း ထွက်တဲ့ဆေးခန်းတွေနဲ့တရားမဝင်ဆေးကုသသူရှိတယ်လိုယူဆတဲ့ဆေးခန်းတွေကို ရှောင်တခင်ဝင်ရောက်စစ် ဆေးနိုင်ပါတယ်။

လက်ရှိအခြေအနေအရ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအချိုရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကျန်းမာ ရေးစောင့်ရှောက်မှုခံယူသူတွေရဲ့ ဝေဖန်မှုတွေမကြာခဏပေါ်ထွက်နေပါတယ်။အိမ်နီးချင်းနိုင်ငံတွေက ပုဂ္ဂလိကဆေးရုံတွေရဲ့ ဝန်ဆောင်မှုတွေနဲ့ နှိင်းယှဉ်ပြောဆိုတာမျိုးလည်းတွေ့ရပါတယ်။ထိုင်းနဲ့ စင်ကာပူ လိုနိုင်ငံတွေရဲ့ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာဆေးလောကတွေဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးအဆင့် ရောက်ရှိနေပြီး နှစ်စဉ်နိုင်ငံတကာကလူနာသန်းနှင့်ချီ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေတာကြောင့် အမေရိကန်ဒေါ် လာသန်းပေါင်းထောင်နှင့်ချီရရှိနေကြပါပြီ။

နိုင်ငံအချိုရဲ့ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ဆေးလောကထဲမှာတော့ တာဝန်ယူမှု၊တာဝန်ခံမှု အစေ့အညှောက်ပေါက်ဖို ခက်ခဲမလွယ်ကူသေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူသူတွေကပဲ သတိကြီးစွာထားပြီး ကုသမှုခံယူဖို လိုအပ်နေတယ်ဆိုတာကို အရွယ်မတိုင်ခင်ကွယ်လွန်သွားတဲ့ မဇာခြည်ဦး ရဲ့ အဖြစ်အပျက်က ခါးသီးတဲ့ဇာတ်သိမ်းတစ်ခုဖြင့် သင်ခန်းစာပေးသွားခဲ့ပါပြီ။ ဇင်ယော် (မော်လမြိုင်)

image