16 ပတ် - ဘာသာပြန်ပါ။

မနီလာတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းမှ နိုင်ငံခြားသား ရာချီဖမ်းမိ
---------------------------
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က အွန်လိုင်းငွေလိမ်ဂိုဏ်း တည်ရှိရာလို့ သံသယဖြစ်တဲ့ နေရာကို ရဲတပ်ဖွဲ့က အကြီးစား စီးနင်းမှုလုပ်ခဲ့ရာမှာ နိုင်ငံခြားသား အယောက်(၄၀၀)ဝန်းကျင်ကို ဖမ်းဆီးရမိတားပါတယ်။ မြို့တော် မနီလာက အဆောက်အဦတစ်ခုကို ဗုဒ္ဓဟူးနေ့မှာ အာဏာပိုင်တွေက ဝင်ရောက်စီးနင်းရာမှာ အွန်လိုင်းငွေလိမ် လုပ်ငန်းမှာ ပါဝင်သူတွေကို တွေ့ရှိရတယ်လို့ ဖိလစ်ပိုင် လ၀က အရာရှိတွေက ပြောပါတယ်။

အာရှဒေသက အခုလို ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်တွေ ကစပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ ပါတယ်။ အဲဒီလုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေကို အများအားဖြင့် အတင်းအကျပ် ငွေလိမ် လည်ဖို့ စေခိုင်း တာတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဟာ ၂၀၂၄ ခုနှစ် အကုန်မှာ ဖိလစ်ပိုင် အွန်လိုင်း ဂိမ်းဝန်ဆောင်မှုလုပ်ငန်းတွေ လုံးဝကင်းစင်ရေး တားမြစ်အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ ပါတယ်။ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ လူကုန်ကူးဖို့၊ ငွေကြေးခဝါချဖို့၊ အွန်လိုင်းပေါ်မှာ လိမ်လည် ဖြားယောင်း ဖို့၊ ပြန်ပေးဆွဲဖို့နဲ့ လူသတ်ဖို့အထိ ကျူးလွန်တဲ့နေရာမှာ အွန်လိုင်းဂိမ်းဝန်ဆောင်မှုတွေကို အကာအကွယ်ယူ အသုံးချနေတာဖြစ်ပါ တယ်။

image