ကိုယ်တိုင်တောင်မပြည့်ပဲ ငါတို့က..
တခြားသူတွေကို ဖြည့်ခဲ့ကြတယ် ။
ကိုယ့်ဒုက္ခကိုမကြည့်ပဲ...
တစ်ဖက်သားမပြေလည်မှာပဲ စိုးရိမ်ခဲ့ကြတယ်။
အနစ်နာခံခြင်း ငဲ့ညာခြင်းတွေကို..
လွယ်လွယ်ကူကူပဲ ချစ်ခြင်းမေတ္တာလို့..
ခေါင်းစဉ်တပ်ကြတယ် ။
ဒီလိုနဲ့ပဲ..
ဒဏ်ရာတွေနဲ့ ပြေးလို့မောတော့မှ..
ကိုယ့်ကိုယ်ကို ချစ်ဖို့သတိရတယ် ။
