Tesla၊ SpaceX နဲ့ xAI တို့ရဲ့ မြင့်မားတဲ့ တန်ဖိုးတွေကြောင့် အီလွန်မတ်စ်ရဲ့ ကြွယ်ဝမှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၂၁.၂ ဘီလီယံအထိ တိုးမြင့်လာစေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အစမှာ ဒေါ်လာ ၂၅၁ ဘီလီယံ ကြွယ်ဝမှုကနေ မြင့်တက်လာတာပါ။
သူဟာ ကမ္ဘာမှာ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် ပထမဆုံးတန်ကြေးရှိသူ ဖြစ်လာခဲ့ပါတယ်(ဒီမှတ်တိုင်ကို အကြမ်းဖျင်း ၂၀၂၁ ထဲက ဖြတ်ကျော်ခဲ့တာပါ)။
ကမ္ဘာပေါ်မှာ ဒေါ်လာ ဘီလီယံ ဒေါ်လာ ၄၀၀ ကျော်ကြွယ်ဝတဲ့ တစ်ဦးတည်းသောသူ ဖြစ်နိုင်ပါတယ်။
ရလဒ်အရ ၂၀၂၄ နှစ်ကုန်မှာ ကမ္ဘာမှာ ဒုတိယအကြွယ်ဝဆုံးဖြစ်တဲ့ Amazon က ဂျက်ဘီဇော့ထက် မတ်စ်က ဒေါ်လာ ၁၈၈ ဘီလီယံ ပိုချမ်းသာပါတယ်။
၂၀၂၁ မှာ မတ်စ် ပထမဆုံးအကြိမ် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်ခဲ့စဉ်က ဒုတိယအချမ်းသာဆုံးဖြစ်တဲ့ ပြင်သစ်သူဌေး ဘားနတ်အာနော့ထက် ဒါ်လာ ၇၂ ဘီလီယံ ပိုချမ်းသာခဲ့ပါတယ်။
အခုအခါ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁ နဲ့ ၂ ကြားထဲမှာ ကွာဟချက် ပိုကြီးမားလာခဲ့တာ ဖြစ်ပါတယ်။
လျှပ်စစ်ကား၊ အာကာသခရီးနဲ့ AI တို့မှာ ရှေ့တန်းရောက်နေတဲ့ နည်းပညာလုပ်ငန်း စွန့်ဦးတီထွင်သူ အနေနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဖြစ်နေတဲ့အပြင် စူပါပါဝါ အမေရိကန်နိုင်ငံရဲ့ အစိုးရစွမ်းရည်ထိရောက်ဖို့ ပြင်ပအေဂျင်စီတစ်ရပ်ကို ခေါင်းဆောင်ရတော့မယ့် အီလွန်မတ်စ်ရဲ့ တန်ခိုးဩဇာဟာဖြင့်.... ..
crd
