16 ပတ် - ဘာသာပြန်ပါ။

အာဆီယံ မစ်ဆူဘီရှီဖလား ဆီမီးဖိုင်နယ်အဆင့် အိမ်ရှင်စင်ကာပူအသင်းကို ဗီယက်နမ်အသင်း ဂိုးပြတ်ဖြင့် အနိုင်ရ

၂၀၂၄ အာဆီယံချန်ပီယံရှစ်မစ်ဆူဘီရှီဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့ကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်ကစင်ကာပူ- ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဗီယက်နမ်အသင်းက ဂိုးပြတ်သွင်းယူ၍ အနိုင်ရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်ကို စင်ကာပူက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ၊ ပွဲပြီးဆုံချိန်တွင် ဗီယက်နမ်အသင်းက (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယင်း အသင်းနီစ်သင်းအနေဖြင့်လာမည့် ဒီဇင်ဘာ (၂၉) ရက်၌ ဒုတိအကျော့ကို ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

image
image
image