အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ထိုင်း အမြန်လမ်းရဲတပ်ဖွဲ့ ဖမ်းမိ

ဒီဇင်ဘာ ၂၇

အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ထိုင်း အမြန်လမ်းရဲတပ်ဖွဲ့က ပတ်ချာဘွန်းခရိုင်အတွင်းမှာ မနေ့က ဒီဇင်ဘာ ၂၆ ရက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အမြန်လမ်းရဲတပ်ဖွဲ့ဟာ ပတ်ချာဘွန်းခရိုင်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးတဲ့ တိုယိုတာဗီဂိုယာဥ်နဲ့ ဖော်ကျူနာ မော်တော်ယာဉ်နှစ်စီးကို လိုက်ပါဖမ်းဆီးနိုင်ခဲ့ပြီး အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ယာဥ်ပေါ်က တွေ့ရှိ ဖမ်းမိခဲ့တာပါ။

ပထမကားမှာ မြန်မာလုပ်သား ၁၀ ဦး၊ ဒုတိယကားမှာ အမျိုးသမီးတွေပါဝင်တဲ့ မြန်မာလုပ်သား ၁၆ ဦးကို တွေ့ရှိခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ယာဉ်မောင်း ဂျားနဲ့ အသက် ၃၁ နှစ်အရွယ် ချုချတ်တို့ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တက်ခ်ခရိုင်ကနေ ဆာရာဘူရီခရိုင်ကို တစ်ဦး ဘတ် ၁၀၀၀ နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

လက်ရှိမှာတော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာလုပ်သားတွေကိုရော ပို့ဆောင်ပေးသူ ထိုင်းနိုင်ငံသားယာဥ်မောင်း နှစ်ဦးကိုပါ ခေါခိုရဲစခန်းမှာ ဖမ်းဆီးထား တရားစွဲတင်သွားမှာဖြစ်ပါတယ်။

Ref, Khaosod

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image