** ခြေထောက်ကြွက်သား အားနည်းခြင်းအကြောင်း သိကောင်းစရာ **
ရုတ်တရက် ခြေထောက်များ
ပျော့ခွေသွားခြင်းမျိုးကို လူ တော်တော်များများ ကြုံဖူးကြမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာရှိပြီး မပေါ့ဆသင့်သော ရောဂါလက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
>> ဖြစ်စေသောအကြောင်းရင်းများ
၁။ လေဖြတ်ခြင်း/လေဖြန်းခြင်း
ဦးနှောက်အစိတ်အပိုင်းတစ်နေရာသို့ သွေးစီးဆင်းမှု့ ပြတ်တောက်ရာကနေဖြစ်ပေါ်ပြီး ခြေထောက်ကောင်းစွာ လှုပ်ရှားမှု့ကို ထိန်းချုပ်သော ဦးနှောက်အစိတ်အပိုင်းတွင် ချို့ယွင်းမှု့ဖြစ်ပေါ်ပါက ခြေထောက်များ ပျော့ခွေတတ်တာမို့ လေဖြတ်ခြင်းရဲ့ရှေ့ပြေးနိမိတ်လို့လည်း ဆိုနိုင်ပါတယ်။
၂။ Guillain-Barre Syndrome လို့ခေါ်သော
အာရုံကြောရောဂါ
အမေရိကန်လူဦးရေ တစ်သိန်းတွင်
၁ ယောက်၊ ၂ ယောက်ခန့် နှစ်စဉ်ဖြစ်တတ်ပြီး ခြေထောက်များ ထုံကျဉ်ရာကနေ ပျော့ခွေလာပြီး တဖြည်းဖြည်းနဲ့ တစ်ကိုယ်လုံးရှိ ကြွက်သားများ အားနည်းခြင်းကို ဖြစ်စေပါတယ်။
၃။ ဦးနှောက်နဲ့အာရုံကြော အဖုံးလွာများ
ပျက်စီးသော Multiple Sclerosis ရောဂါ
ကြွက်သားအားနည်းခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အာရုံခံစနစ်ပျက်ပြားခြင်းနဲ့အတူ အခြား အာရုံကြောပြဿနာများကို ဖြစ်ပေါ်စေသော
ရောဂါတစ်ခု ဖြစ်ပါတယ်။
၄။ ကျောရိုးအာရုံကြောရောဂါ
ခြေထောက်များ ထုံကျဉ်ခြင်း သို့မဟုတ် အားနည်းပျော့ခွေခြင်း သို့မဟုတ် နှစ်မျိုးလုံးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျောရိုးကို ထိခိုက်ဒဏ်ရာရဖူးသူများတွင် ပိုမိုဖြစ်ပေါ်တတ်ပြီး အချိန်ကြာသည်နဲ့အမျှ ခြေထောက်နာကျင်ခြင်း ပျော့ခွေခြင်းတို့ ပိုဆိုးလာနိုင်ပါတယ်။
၅။ ပင်မအာရုံကြောမကြီးတွင်
ရောဂါ/ဒဏ်ရာရခြင်း
ပင်မအာရုံကြောမကြီး (Spinal cord) ကို ကျောရိုးဆစ်များဖြင့် လုံခြုံစွာ ကာကွယ်ထားသော်လည်း ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပေါ်ပါက ခြေထောက်ပျော့ခွေအားနည်းခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
၆။ ခြေထောက်ထိခိုက်ဒဏ်ရာရခြင်း
ခဲဆိပ်သင့်ခြင်း၊ ကင်ဆာအတွက်
chemo ဆေးသွင်းခြင်း
ဦးနှောက်ကင်ဆာ/ကျောရိုးဆစ်ကင်ဆာ
ခြေထောက်များ နုံးချိပျော့ခွေခြင်းဟာ ကြောက်စရာအတွေ့အကြုံတစ်ခုသာ ဖြစ်ပါတယ်။ နောက်ကွယ်အကြောင်းအရာကိုလည်း အဖြေရှာဖို့ လိုအပ်တာမို့ မပေါ့ဆဘဲ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်သင့်ပါတယ်။
ဒါကြောင့် သင် သို့မဟုတ်
သင့်မိသားစုဝင်တစ်ဦးဦးတွင် ခြေထောက်များ ရုတ်တရက် ပျော့ခွေခြင်း ကြုံတွေ့ပါက
မပေါ့ဆကြဖို့ တင်ပြလိုက်ပါတယ်။
#ကျန်းမာရေးဆိုင်ရာဗဟုသုတ
#credit