နယ်စပ်လုံခြုံရေးအတွက် လိုအပ်သည့်အစီအမံမှန်သမျှ လုပ်ဆောင်မည်ဟု ဘင်္ဂလားဒေ့ရှ်ပြော
မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက် လုံခြုံရေးအတွက် လိုအပ်သည့်လုပ်ငန်းအစီအစဉ်မှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၌ မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေစဉ် နယ်စပ်လုံခြုံရေးအတွက် လိုအပ်သည့်လုပ်ငန်း အစီအစဉ်မှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြောလာခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် နယ်စပ်ချင်း အရှည် ၂၇၁ ကီလိုမီတာအထိ ထိစပ်နေသော နိုင်ငံများဖြစ်ကြသည်။
မိမိတို့အနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လုံခြုံရေးအတွက် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၄ ရက် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်း စစ်ရေးပဋိပက္ခများကြောင့် နယ်စပ်တစ်လျှောက် စစ်ရေးအရ နေရာယူထားမှု မြှင့်တင်ရေးအတွက်လည်း စဉ်းစားနေဖွယ်ရှိကြောင်း သိရသည်။
မိမိတို့အနေဖြင့် မြန်မာနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်၌ စစ်အင်အား မြှင့်တင်ရေး ဆုံးဖြတ်ချက်အတွက် ရက်အနည်းငယ် အချိန်ယူ စောင့်ဆိုင်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
သတင်း - ဗျည်းနွဲ့
ကိုးကား
#updatenews
