မုဒုံမြို့ရှိ မီးသဂြိုလ်စက်မှ မီးကြိုးများ အခိုးခံရ

မော်လမြိုင်၊ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီးသဂြိုလ်စက်မှ မီးကြိုးများ ထပ်မံအခိုးခံခဲ့ရကြောင်း မီးသဂြိုလ်စက်(အခမဲ့) ဝန်ဆောင်မှု ကော်မတီမှ သိရသည်။

“မီးသဂြိုလ်စက်(အခမဲ့)ဝန်ဆောင်မှုကော်မတီ စုံစမ်းမှုအရ မီးကြိုးခိုးသူက အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင်လည်း မီးသဂြိုလ်စက်နှင့် ဆက်သွယ်ထားသည့် မီးကြိုးမှ ပေ(၇၀) ခန့် အခိုးခံရပြီး၊ သင်္ချိုင်းရှိ သံချောင်းများဖြုတ်ယူရန် အုတ်ဂူအကာအရံများလည်း ရိုက်ချိုးဖျက်စီးခံရကြောင်း၊ ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီခွဲနှင့် ၁၁ နာရီကြားတွင် ဒုတိယအကြိမ် မီးကြိုးများ ထပ်မံ ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မုဒုံမြို့ရှိ မီးသဂြိုလ်စက်သည် ၂၀၁၄ ခုနှစ်မှ စတင်ပြီး လူမျိုးဘာသာမရွေးအခမဲ့ ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်။

#centralnewsnaypyitaw

image
image
image
image