16 w - Translate

အမေရိကန်တွင် အကြီးမားဆုံး နျူကလီယာစွမ်းအင်ထုတ်လုပ်သူဖြစ်တဲ့ Constellation Energy Corporation က အမေရိကန်နိုင်ငံ Washington, D.C. မှာရှိတဲ့ အိမ်များအတွက် ၁၀၀% သန့်ရှင်းသော နျူကလီယာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားပေးမယ့် စမ်းသပ်မှုအစီအစဉ်တစ်ခု ကိုမိတ်ဆက်ခဲ့သည်။ ယခုပရိုဂရမ်က လျှပ်စစ်ဓာတ်အား (kilowatt-hour) တစ်ယူနှစ်ကို ၁၁.၉၉ စင့် စျေးနှုန်းဖြင့် ကမ်းလှမ်းထားပြီး၊ ဒေသတွင်းရှိ လျှပ်စစ်ဈေးနှုန်းထက် ပိုနဲတယ်လို့ဆိုပါတယ်။

ယခုအစီအစဉ်တွင် Constellation ၏ နျူကလီယာစွမ်းအင်စက်ရုံများမှ ထုတ်လုပ်သော Emission Free Energy Certificates (EFECs) ကိုအသုံးပြုထားပါတယ်။ သို့မှသာ မိမိတို့၏ လက်ရှိ utility ဝန်ဆောင်မှုများကို မပြောင်းလဲဘဲ carbon-free စွမ်းအင်ကို ပံ့ပိုးနိုင်မယ်လို့ဆိုပါတယ်။

Constellation Energy Corporation က လက်ရှိ သူတို့၏ စက်ရုံများက ၉၀% carbon-free စွမ်းအင်ကို ထုတ်လုပ်ပြီး ၁၆ သန်းခန့်သော အိမ်ထောင်စုများကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနိုင်သလို၊ နိုင်ငံတစ်ခုလုံး၏ သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှု၏ ၁၀% ကိုလည်း ထောက်ပံ့ပေးနိုင်သည်ဟု ဆိုသည်။

#crd

image