16 ပတ် - ဘာသာပြန်ပါ။

ဇီယွန်ဝီလျံဆင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မည်
------------------------
NBA ကလပ် နယူအော်လင်းစ် ပီလီကန် အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဇီယွန် ဝီလျံဆင်ဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် လာမယ့်တစ်ပတ်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာ ဖြစ်တယ်လို့ ပီလီကန်အသင်းက အတည်ပြုလိုက်ပါတယ်။ နိုဝင်ဘာ ၆ ရက်ကတည်းက ဒဏ်ရာကြောင့် နားနေ ခဲ့ရတဲ့ ဝီလျံဆင်ရဲ့ ဒဏ်ရာအခြေအနေကို အပတ်စဉ်တိုင်း စောင့်ကြည့်နေပြီး ဒဏ်ရာတိုးတက်မှုအခြေအနေကို အကဲဖြတ်သုံးသပ်တာတွေ ပြုလုပ်နေပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

NBA All Star အသင်းမှာ နှစ်ကြိမ်ပါဝင်ခဲ့ဖူးတဲ့ ဝီလျံဆင်ဟာ ဒဏ်ရာတွေကြောင့် အခုရာသီမှာ ၆ ပွဲသာ ပါဝင် ကစားပေးထားနိုင်ခဲ့တာပါ။ ဝီလျံဆင်ဟာ ၂၀၁၉ မှာ ပီလီကန်အသင်းနဲ့အတူ NBA ပြိုင်ပွဲတွေ စတင်ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး အခုနောက်ပိုင်းနှစ် တွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဝီလျံဆင်ကတော့ ဒဏ်ရာပြဿနာကနေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး မကြာခင် မှာ အသင်းအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားထားပါတယ်။ ဒဏ်ရာတွေ ကြောင့်ပဲ ၂၀၂၁-၂၂ တစ်ရာသီလုံးနီးပါး အနားယူခဲ့ ရတဲ့ ဝီလျံဆင်ဟာ NBA ကစားသမားဘဝ ၅ နှစ်တာကာလအတွင်း ပွဲစဉ်ပေါင်း ၁၉၀ ကျော် ပါဝင်ကစားပေးထားခဲ့တာဖြစ်ပါတယ်။

image