“လိင်ပြောင်းလဲခြင်း” ကို ထိပ်တန်းဦးစားပေးအဖြစ် တားမြစ်သွားမယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့် ကတိပြု
AFP
ကွန်ဂရက်လွှတ်တော်နှင့် အိမ်ဖြူတော်နှစ်ရပ်လုံးကို ထိန်းချုပ်သွားနိုင်မယ့် အနေအထားရှိတဲ့ ရီပတ်ဘလီကန် အမတ်တွေက LGBTQ အခွင့်အရေး ဆန့်ကျင်မှု တွေကို ဆက်လက် လုပ်ဆောင်လျက် ရှိပြီး ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က ၎င်း ရဲ့ သမ္မတသက်တမ်း အတွင်း “လိင်ပြောင်းလဲခြင်းကို တားမြစ်သွား” မယ် လို့ ဒီဇင်ဘာ ၂၂ မှာ ကတိပြုခဲ့ပါတယ်။
“ကလေးငယ်တွေမှာ လိင်ပိုင်းဆိုင်ရာ ဖြတ်တောက်ကုသမှုတွေကို အဆုံးသတ်ဖို့၊ လိင်အင်္ဂါ ပြောင်းလဲထားသူတွေကို စစ်တပ်၊ မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေ က နေ ထုတ်ပယ်သွားဖို့ အုပ်ချုပ်ရေးအမိန့်တွေ လက်မှတ်ရေးထိုးသွားမယ်” လို့ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ရှိ ကွန်ဆာဗေးတစ်လူငယ်တွေအတွက် ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ရွေးကောက်ခံသမ္မတက ပြောကြားပါတယ်။
အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးသာ အမေရိကန်မှာ ရှိရမယ်ဆိုတဲ့ မူဝါဒ က အမေရိကန် အစိုးရ ရဲ့ တရားဝင် မူဝါဒ ဖြစ်လာစေရမယ်လို့ ၎င်း က ကတိပြုခဲ့ပါတယ်။
Credit
