17 ပတ် - ဘာသာပြန်ပါ။

အမရပူရမြို့တွင် ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တိုက်မိရာ အခင်းနေရာ၌ ဆိုင်ကယ်မောင်းသည့် အမျိုးသား သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်အင်းမြောက်အင်းသုဿာန်အနီးတွင် ယာဉ်တစ်စီးနှင့် ဆိုင် ကယ်တိုက်မိရာ အခင်းနေရာ၌ ဆိုင်ကယ်မောင်းသည့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက် ည ၇ နာရီအချိန်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူ များမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရ သည်။

“ဘယ်လိုတိုက်မိလည်းဆိုတာကိုတော့ မမေးတော့ဘူး။ ရဲတွေလည်းရှိတယ်။ အလောင်းသယ်ပြီး ဆေးရုံကို ပို့လိုက်တာ” လို့ အလောင်းအားသွားရောက်သယ်ဆောင်သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသည့် အမျိုးသားမှာ အသက်(၅၀) ဝန်းကျင်ရှိပြီး၊ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo - Credit

#centralbewsnaypyitaw

image