16 w - Translate

ဂိမ်း ပြိုင်ပွဲအတွက် ဒေါ်လာ ၁၄ သန်းတန် မြို့ တည်ဆောက်လိုက်တဲ့ MrBeast
===========================================
MrBeast ဟာ ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး YouTuber ဖြစ်ပြီး ငွေအမြောက်အများ သုံးစွဲကာ ဂိမ်းပြိုင်ပွဲတွေ ပြုလုပ်ပေးနေသူ ဖြစ်ပါတယ်။ အခုတော့ သူက Beast Games ပြိုင်ပွဲ အသစ်ကို ပြုလုပ်ပေးလိုက်ပါတယ်။
သူ့ရဲ့ ထုံးစံအတိုင်းပဲ ဒီပြိုင်ပွဲမှာ ငွေကြေးများစွာ သုံးစွဲမှာ ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲအတွက် လူထောင်ပေါင်းများစွာ ပါဝင်နိုင်ဖို့ ဒေါ်လာ ၁၄ သန်းတန် မြို့ကို တည်ဆောက်လိုက်ပါတယ်။ သူက အဲဒီပြိုင်ပွဲအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် သုံးစွဲမယ်လို့ ပြောထားပါတယ်။
သူက X လူမှုကွန်ရက်မှာ Beast Games ပြိုင်ပွဲအကြောင်း ပြောပြထားပြီး အဲဒီမြို့ရဲ့ ဓါတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရသူကို ကမ္ဘာ့ သမိုင်းမှာ အများဆုံး ဆုကြေးဖြစ်တဲ့ ဒေါ်လာ ၅ သန်းပေးမှာ ဖြစ်ပါတယ်။
Beast Games ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ Amazon Prime Video မှာ ပြသနေပြီ ဖြစ်ပြီး Amazon က ကမ္ဘာ့ အကြီးမားဆုံး Live Game Show လို့ ကြေညာထားပါတယ်။
Ref : msn

Read More
image