17 ပတ် - ဘာသာပြန်ပါ။

၂၀၃၀ ပြည့်နှစ်မတိုင်ခင် တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၁၀၀၀ ကျော်ရှိလာလိမ့်မယ်လို့ ပင်တဂွန်ရဲ့ လွှတ်တော်အစီရင်ခံစာမှာ ဖော်ပြ

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁

တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် နျူကလီးယားဒုံးကျည်အစင်း ၁၀၀၀ ကျော် တည်ဆောက်သွားမှာ ဖြစ်ကြောင်း အမေရိကန်နို်င်ငံက ပြောကြားလိုက်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ “တရုတ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေးတိုးတက်မှု ကွန်ဂရက်လွှတ်တော်နှစ်ပတ်လည် အစီရင်ခံစာ” မှာ ဖော်ပြထားတာဖြစ်ပါတယ်။

အနှစ်လေးငါးဆယ်ကြာ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာတဲ့ တရုတ်တပ်မတော်ဟာ မကြာသေးခင်ကာလ အတွင်း တိုးတက်မှုတွေ ပိုမိုရရှိလာကြောင်း ထောက်လှမ်းရေးနဲ့ တခြားသတင်း ရင်းမြစ်တွေကို ကိုးကားပြီး အဲဒီအစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တရုတ်တပ်မတော်တိုးတက်ရေး စွမ်းဆောင်ချက်တွေကို ထပ်ပိုင်းခေါင်းဆောင်တွေ ဖယ်ရှားပစ်ရတဲ့ အထိ ရောက်ရှိခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေက ဟန့်တားနှောင့်ယှက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က နျူကလီးယားထိပ်ဖူး ၅၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ နျုကလီးယားထိပ်ဖူး ၆၀၀ ကျော် ဖြစ်လာတဲ့ တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ် မတိုင်ခင်မှာ နျူကလီးယားထိပ်ဖူး ၁၀၀၀ ကျော် ပိုင်ဆိုင်လာမှာ ဖြစ်ကြောင်း ပင်တဂွန် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် တရုတ်နိုင်ငံအနေနဲ့ နျူကလီးယားစစ်ပွဲတစ်ခုဖြစ်လာရင် အမေရိကန်မြို့ကြီးတွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေနဲ့ အမေရိကန်ခေါင်းဆောင်မှုနေရာတွကို အရင်ကထက် ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာနိုင် တော့မှာဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံးရေတပ်ကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ သင်္ဘောနဲ့ ရေငုပ် သင်္ဘောအစီးရေ ခန့်မှန်း ၃၄၀ ဝန်းကျင်ရှိပေမဲ့ လက်ရှိအချိန်မှာ အစီးရေ ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

တရုတ်ရေတပ်ဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း၊ ထိုင်ဝမ်ကျွန်းနဲ့ ဖိလစ်ပိုင်ကျွန်းတွေပါဝင်တဲ့ “ကနဦးကျွန်းကွင်းဆက်” ကို ကျော်လွန်ပြီး စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်နိုင်တဲ့အထိ စွမ်းရည်တိုးတက်လာတဲ့အပြင် ဆက်လက်ပြီးတိုး တက်နေကြောင်း ပင်တဂွန်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ဟာ အမေရိကန်စံနှုန်းတွေကို အမီလိုက်နိုင်ဖို့အတွက် အလျင် အမြန်ဆောင်ရွက်နေပြီး လေယာဉ်ပေါင်းစုံရော မောင်းသူမဲ့လေယာဉ်စနစ်တွေကိုပါ အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ တိုက်ချင်းပစ်ဒုံးကျည်တွေကိုလည်း တိုးမြှင့်ထုတ်လုပ်နေပြီး ၎င်းတို့ရဲ့ နျူကလီးယား ဒုံးကျည်တပ်ဖွဲ့ တွေရဲ့ စွမ်းရည်တွေကို မြှင့်တင်လျက်ရှိသလို နျူကလီးယားထိပ်ဖူးတွေကိုပါ တိုးမြှင့်ထုတ်လုပ်နေပါတယ်။

တရုတ်နိုင်ငံဟာ တိုက်ချင်းပစ်ဒုံးကျည်စခန်း အနည်းဆုံး ၃၀၀ ပါဝင်တဲ့ ဒုံးကျည်စခန်းသစ်နေရာသုံးခုကိုလည်း ၂၀၂၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပြီး တချို့ဒုံးပစ်စင်/ဒုံးပစ်လောင်ချာတွေကို ကျည်ထိုးထားကြောင်း ပင်တဂွန်က ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ အရှေ့အာဖရိက ဂျပ်ဘူးတီးနိုင်ငံမှာရှိတဲ့ ၎င်းတို့ရဲ့စစ်စခန်းကိုကျော်လွန်ပြီး စစ်အင်အားပိုမိုချဲ့ ထွက်ဖို့အတွက် ပင်လယ်ရပ်ခြား အခြေခံအဆောက်အအုံနဲ့ လော်ဂျစ်စတစ်ကို တိုးချဲ့ဖို့ စဉ်းစားနေပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ မြန်မာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်ကနေ ကင်ညာ၊ နိုင်ဂျီးရီးယားနဲ့ တခြားနိုင်ငံတွေအထိ လော်ဂျစ်စတစ်အဆောက်အဦတွေ တည်ဆောက်ဖို့ စဉ်းစားနေကြောင်း ပင်တဂွန်ကပြောပါတယ်။

တရုတ်ရဲ့ နိုင်ငံတကာစစ်ဘက်ဆိုင်ရာလော်ဂျစ်စတစ်ကွန်ရက်တစ်ခုဟာ အမေရိကန်စစ်ဆင်ရေးတွေကို ကောင်း ကောင်းကြီး ဒုက္ခပေးနိုင်ကြောင်း ပင်တဂွန်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: US Says China to Build 1,000 Nukes by 2030 in Staggering Annual Report

#centralnewsnaypyitaw

image
image
image