မော်လမြိုင်မြို့တွင် ညီအစ်မနှစ်ဦး နေအိမ်မှ ပျောက်ဆုံးနေသည်မှာ ၇ ရက်ကြာနေပြီဖြစ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းရွာတွင် နေထိုင်သည့် ညီအစ်မနှစ်ဦး နေအိမ်မှ (၇) ရက်ကြာ ပျောက်ဆုံးနေကြောင်း ၎င်းတို့၏ဖခင်ဖြစ်သူထံမှ သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မိဘများနှင့် စိတ်ဆိုးစိတ်ကောက်ဖြစ်ပြီး နေအိမ်မှ မိန်းကလေးငယ်နှစ်ဦး ထွက်သွားကြောင်း၊ “မိဘများမှ ဖုန်းဆက်ပေမဲ့ ဖုန်းမကိုင်ခြင်း၊ စာပို့တော့လဲ သူတို့စာပြန်ပုံမှာ သိပ်မသင်္ကာစရာ အချက်အလက်များတွေ့ရ၍” မိဘများမှ စိတ်ပူနေကြောင်း ပြောသည်။

“ခုထိအဆက်သွယ်မရသေးဘူး။ ရဲစခန်းကို တိုင်ထားတယ်” လို့ ပျောက်ဆုံးနေသည့် မိန်းကလေးနှစ်ဦး၏ မိသားစုဝင်တစ်ဦးမှ ပြောသည်။

ထိုပျောက်ဆုံးနေသူများမှာ အစ်မဖြစ်သူ အသက်(၂၀) အရွယ် မျက်မှန်တပ်ထားသည့် မသူသူနှင့် ညီမဖြစ်သူ အသက်(၁၇) နှစ်အရွယ် မသင်းသင်းမွေး တို့ကိုတွေ့ရှိပါက ဖုန်း ၀၉-၇၅၄၄၃၄၉၆၆ တို့ကို ဆက်သွယ်ပေးပါရန် ဖခင်ဖြစ်သူမှ အကူအညီတောင်းခံအပ်သည်။

Photo - Credit

#centralnewsnaypyitaw

image
image
image