မော်လမြိုင်-မုဒုံလမ်းမကြီးတွင် မြေသယ်ယာဉ်နှင့် GTC ကျောင်းသားမောင်းနှင်လာသည့် ဆိုင်ကယ်တို့ တိုက်မိရာ ထိုကျောင်းသားသေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်-မုဒုံလမ်းမကြီး၊ စိုက်ပျိုးရေးရုံးအရှေ့တွင် မြေသယ်ယာဉ်နှင့် GTC ကျောင်းသား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့တိုက်မိရာ ထိုကျောင်းသား သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၀ ရက် နံနက် ၈ နာရီ ၂၀ အချိန်တွင် ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရရှိသောကြောင့် Freedom Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အသင်းယာဉ်ဖြင့် သွားရောက်ရာ ဒဏ်ရာပြင်း ထန်ရရှိသည့် ထိုကျောင်းသားကို ဆေးရုံသို့ပို့စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

“ကားက လမ်းကြောင်းအမှန်နဲ့ ကွေ့တဲ့အချိန် လာရာတူလမ်းကနေမောင်းလာတဲ့ ဆိုင်ကယ်ကအရှိန်နဲ့ မောင်း လာရင်း တိုက်မိသွားတာ။ ကောင်လေးက GTC ကျောင်းသား။ ဒဏ်ရာတော်တော်ပြင်းတယ်။ သူ့ကိုဆေးရုံ ပို့တဲ့အချိန်မှာ လမ်းမှာဆုံးသွားတယ်” လို့ မျက်မြင်တွေ့သူများထံမှ သိရသည်။

ထိုသေဆုံးသူ အမျိုးသားမှာ အသက်(၁၉) နှစ်ရှိပြီး ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်လိုက် ကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image
image
image