17 ပတ် - ဘာသာပြန်ပါ။

အစီးရေ ၄ သိန်းကျော် ရောင်းချခဲ့ရပြီး ဖြစ်တဲ့ Wuling Bingo

SAIC-GM-Wuling (SGMW) တို့ joint venture အဖြစ် ပူးပေါင်းထုတ်လုပ်ရောင်းချတဲ့ Wuling Bingo Series ရဲ့ ရောင်းအားက ပထမဆုံးအကြိမ် 2023 ခုနစ်မတ်လမှာ စတင်ရောင်းချကတည်းကဆိုရင် အစီးရေ 400,000 ကျော် ရောင်းချခဲ့ရတယ်လို့ ဒီဇင်ဘာလ 18 ရက်နေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။ Wuling Bingo Series မှာ Wuling Bingo EV hatchback နဲ့ Wuling Bingo SUV ( Wuling Bingo Plus four-door variant) တို့ ပါဝင်ပါတယ်။

နိုဝင်ဘာလ အတွင်းမှာ အဆိုပါ Series ရဲ့ retail ရောင်းအားက 26,808 အထိရှိခဲ့ပြီး order ပေါင်း 35,728 units နဲ့အတူ တရုတ်နိုင်ငံအတွင်း နိုဝင်ဘာလ ရောင်းအားအကောင်းဆုံးကားစာရင်းမှာ အဆင့် ၁၂ နေရာ အထ ယူနိုင်ခဲ့တာပါ။

Wuling Bingo EV

လက်ရှိမှာတော့ 2024 Wuling Bingo EV hatchback ကို 7,800 USD ကနေ 11,600 USD ဝန်းကျင် ဈေးနှုန်းဖြင့် ရောင်းချပေးနေပြီး trims Level 4 မျိုး ရှိပါတယ်။ အရွယ်အစားအားဖြင့်တော့ 3950/1708/1580 (L/W/H) နဲ့ wheelbase 2560 mm ရှိပြီး curb weight ကတော့ Trims အပေါ်မူတည်ပြီး 1010 kg to 1185 kg ရှိပါတယ်။

စွမ်းဆောရည်အပိုင်းအတွက် lithium iron phosphate battery pack နဲ့အတူ permanent magnet synchronous motor ကို တွဲဖက်အသုံးပြုထားပေးပြီး standard fast charging စနစ်ဖြင့် အားသွင်းမယ်ဆိုရင် 30% to 80% ကို 35 မိနစ်ပဲကြာမြင့်မှာပါ။

203km trim: 30 kW (40 hp)/85 Nm motor, 17.3 kWh battery pack, 100 km/h top speed
333km trim: 50 kW (67 hp)/125 Nm motor, 31.9 kWh battery pack, 130 km/h top speed
410km trim: 50 kW (67 hp)/125 Nm motor, 37.9 kWh battery pack, 130 km/h top speed

Wuling Bingo SUV

အခုနှစ် စက်တင်ဘာလကတုန်းက Wuling Bingo SUV five-seater version ကို တရားဝင်မိတ်ဆက်ပေးခဲ့ပြီး ဈေးနှုန်းအနေနဲ့ကတော့ 10,400USD – 13,100 USD ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။ Tianyu Architecture-M platform ကို အခြေခံတည်ဆောက်ထားတဲ့ အဆိုပါကားရဲ့ အရွယ်အစားက 4090/1720/1575 mm နဲ့ wheelbase 2610 mm ရှိပြီး curb weight ကတော့ 1190 kg ကနေ 1335 kg အတွင်း ရှိပါတယ်။

စွမ်းဆောင်ရည်ပိုင်းအတွက် maximum power 75 kW (101 hp), peak torque 180 Nm ရှိတဲ့ permanent magnet synchronous motor ကို အသုံးပြုထားပြီး top speed 140 km/h အထိရှိပါတယ်။ ဒါ့အပြင် 31.9 kWh, 37.9 kWh နဲ့ 50.6 kWh ဆိုတဲ့ ‌ရွေးချယ်စရာ lithium iron phosphate battery pack ၃ မျိုး ရရှိနိုင်ပြီး CLTC cruising range ကတော့ 330 km, 401 km နဲ့ 510 km အသီးသီရရှိနိုင်မှာ ဖြစ်ပါတယ်။

Wuling Bingo ကားတွေကို မြန်မာနိုင်ငံမှာလည်း ရောင်းချလျက်ပြီး ဈေးကွက်ထဲမှာလည်း အတော်အသင့်နေရာယူထားနိင်ပါတယ်။ ဒါ့အပြင် Wuling Bingo SUV five-seater version ကလည်း မကြာသေးခင်က တရားဝင်မိတ်ဆက်ပေးထားတာဆိုတော့ မြန်မာနိုင်ငံမှာလည်း အဆိုပါကားသစ်ကို တင်သွင်းရောင်းချပြီး စျေးကွက်ပိုချဲ့နိုင်ဦးမလားဆိုတာတော့ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို လွတ်လပ်စွာမျှဝေပေးခဲ့လို့ ရပါတယ်။

image