ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင်လေယာဉ်ကို ပြန်လည် ရှာဖွေတော့မယ်
ဒီဇင်ဘာ ၂၁
လွန်ခဲ့တဲ့ ၁၀ နှစ်က ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစင်းကို ရှာဖွေမှုပြန်လည်စတင်ဖို့ မူအားဖြင့် သဘောတူခဲ့ကြောင်း မလေးရှားအစိုးရက ပြောပါတယ်။
မလေးရှားလေကြောင်းလိုင်းရဲ့ အမ်အိတ်ချ် ၃၇၀ အမျိုးအစား ခရီးသည်တင်လေယာဉ်ဟာ ၂၀၁၄ ခုနှစ် မတ်လမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ မြို့တော်ပေကျင်းကို ပျံသန်းစဉ် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ဘိုးအင်း ၇၇၇ အမျိုးအစားလေယာဉ်ရဲ့ အပျက်အစီးတွေကို ကြိုးပမ်းမှုတွေ နှစ်များအတွင်း ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်ထိ မတွေ့ရသေးပါဘူး။ အဲဒီလေယာဉ်ကို ရှာဖွေဖို့အတွက် အမေရိကန်အခြေစိုက် ပင်လယ်ရေကြောင်း ရှာဖွေရေးကုမ္ပဏီ တခုနဲ့သဘောတူထားတယ်လို့ မလေးရှားတာဝန်ရှိသူတွေက ပြောပါတယ်။
အိုရှန်အင်ဖက်နတီနဲ့ မလေးရှားအစိုးရတို့ဟာ ဒေါ်လာသန်း ၇၀ သဘောတူညီချက်ကို မူအားဖြင့် အတည်ပြုခဲ့တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလုက်ခ်က ပြောပါတယ်။ ဒီအစီအစဉ်အရ လေယာဉ်ပျက်ကို တွေ့ရှိမှသာ Ocean Infinity ကိုအခကြေးငွေ ပေးချေရမှာ ဖြစ်ပါတယ်။
အလားတူ သဘောတူညီချက်မျိုးနဲ့ ၂၀၁၈ ခုနှစ်မှာ Ocean Infinity သုံးလကြာရှာဖွေခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါအပြင် ဒေါ်လာသန်း ၁၅၀ ကျော်ကုန်ကျခဲ့တဲ့ နိုင်ငံစုံကြိုးပမ်းမှုတခုဟာလည်း ကျယ်ပြောလှတဲ့ ပင်လယ်ပြင်မှာ နှစ်နှစ်ကြာရှာဖွေပြီးနောက် ၂၀၁၇ ခုမှာ ရှာဖွေရေးတွေကို အဆုံးသတ်ခဲ့ပါတယ်။
Ocean Infinity ရဲ့ လက်ရှိကမ်းလှမ်းချက်ကို မလေးရှားအစိုးရက မူအားဖြင့် လက်ခံထားပေမယ့် သဘောတူညီချက် အသေးစိတ်တွေကို ဆက်လက်ညှိုနှိုင်းနေကာ လာမယ့်နှစ်အစောပိုင်းမှာ အပြီးသတ်နိုင်တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
Ref:BBC
Photo:Getty Images
#သတင်းဟင်းလေးအိုးကြီး
