Part-4
ကဗျာဆရာ မောင်သိင်္ဂါ
မလင်းပြာ
ငါ မလွမ်းချင်ဘူး
မလင်းပြာ ငါမငိုချင်ဘူး
မလင်းပြာ
ကလောင်စုံ
ငါမပျော့ချင်ဘူးကွယ်။
မလင်းပြာ
ငါ ခုပဲ စစ်ထွက်ရတော့မယ်။
အဲဒါ မောင်သိင်္ဂါရဲ့ အချစ်ကဗျာ၊ စစ်ကဗျာပါပဲ ခင်ဗျား။ ရေးတဲ့ခုနှစ်က ၂၁.၁၂.၁၉၆၅ ပါ။ ကျွန်တော်တို့ တစ်တွေ ဆိုဗီယက်ကဗျာဆရာ မာယာ ကော့ဖ်စကီးကို အငမ်းမရဖြစ်နေစဉ်က ရေးစပ်ခဲ့တာဆိုတော့ မာယာကော့ဖ်စကီး ရဲ့ကဗျာ (မာရီယာ)ရဲ့ သြဇာသက်ရောက်နေဟန်ရှိတာကို သတိပြုမိပါတယ်။
၁၉၆၅ လောက်က ဖြစ်မယ်ထင်ပါတယ်။
မောင်စွမ်းရည်
၂ဝ၁၈၊ ဩဂုတ် ၁