❝စစ်မှုထမ်းစာရင်းထဲမပါအောင် လုပ်ပေးမယ်ဆိုပြီး ငွေတောင်းတဲ့ မန္တလေးကအမျိုးသမီးကို သက်ဆိုင်ရာဖမ်းဆီး❞

ဒီဇင်ဘာ ၁၃

စစ်မှုထမ်းစာရင်းထဲ မပါအောင် ပြုလုပ်ပေးမယ်လို့ ပြောဆိုပြီး မန္တလေးမြို့ပေါ် ရပ်ကွက်အချို့မှာ ငွေကြေးလိမ်လည်တောင်းခံနေတဲ့ အမျိုးသမီးတစ်ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပြီလို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုပါအမျိုးသမီးကို ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါပြီး ယင်းအမျိုးသမီးဟာ ရပ်ကွက်ထဲကလူတွေကို စစ်မှုထမ်းစာရင်းထဲမပါအောင် လုပ်ပေးမယ်၊ ဧည့်စာရင်းလာမစစ်အောင်လည်း လုပ်ပေးမယ်ဟုဆိုကာ ငွေတွေကို အရစ်ကျတောင်းယူနေတာလို့ ဆိုပါတယ်။

❝သူက ပထမအရစ်သုံးသိန်း၊ နောက်ထပ်အရစ်ကျ နှစ်သိန်းခွဲစသည်ဖြင့်ပေါ့ တောင်းခံနေတာကြာပြီ။ ပေးထားတဲ့သူတောင် ဆယ်ဦးလောက်ရှိတယ်လို့သိရတယ်။ နောက်တော့ မခံမရပ်နိုင်သူတွေကရပ်ကွက်ရုံးကိုအကြောင်းကြားလိုက်တာမှာ တာဝန်ရှိတဲ့သူတွေက စောင့်ပြီးဖမ်းဆီးလိုက်တာ❞ လို့ ဖြစ်စဥ်ကိုသိရှိသူ ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူအမျိုးသမီးနဲ့ လိမ်လည်ခံရသူအချို့ကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image