17 ပတ် - ဘာသာပြန်ပါ။

လူတစ်ယောက်ကြောင့် ကိုယ်က
Special ဖြစ်နေသလို ခံစားရနိုင်ပါတယ် ✨
သူနဲ့ဆို အရာရာ စိတ်ချရတယ် ..
သူနဲ့ဆို နောက်ကျောလုံသလို ခံစားရတယ် ..
သူနဲ့ဆို အားနည်းချက်အကုန် မှေးမှိိန်သွားတယ် ..
သူနဲ့ဆို ကိုယ့်ဖြစ်တည်မှုဟာ အဓိပ္ပာယ်ရှိတယ် ..
သူနဲ့ဆို အမြင့်မှာ နေရသလိုပဲ ..
သူနဲ့ဆို ကောင်းခြင်းတွေ ရောက်လာတယ် ..
သူနဲ့ဆို ပျော်ရွှင်ရတယ် ..
ဒါတွေဟာ လူတစ်ယောက်ကြောင့်
ကိုယ်က Feel Special ဖြစ်နေတာပါပဲ။
ကိုယ့်ကိုယ်ကို Special လို့ ခံစားနေရတာပေါ့။
အဲ့လို ခံစားရစေတဲ့သူဟာ
ချစ်သူဆို Right Person တစ်ဦး ဖြစ်နိုင်ချေ
သူငယ်ချင်းဆို True Friend တစ်ဦး ဖြစ်နိုင်ချေ
90% အထက်မှာ ရှိပါတယ်တဲ့။
ဘာလို့လဲဆိုရင်
လူတစ်ယောက်ကြောင့် Feel Special ဖြစ်ဖို့ဆိုတာ
မလွယ်ကူလှပါဘူး။
ချစ်သူဆိုတာ အများကြီး ရှိနိုင်တယ်။
သူငယ်ချင်းဆိုတာလည်း အများကြီး ရှိနိုင်တယ်။
တွဲခဲ့သမျှ ချစ်သူတိုင်း
ပေါင်းသင်းခဲ့သမျှ သူငယ်ချင်းတိုင်းဟာ
ကိုယ့်ကို Feel Special ဖြစ်စေမှာ မဟုတ်ပါဘူး။
Feel Special ဘာကြောင့် ဖြစ်တာလဲ ?
🤍 သူဟာ ကိုယ့်ကို အလေးပေးပါတယ်။ Attention ထားပါတယ်။ သူ့ကိုဆို ဖုန်းခေါ်ရ မခက်ဘူး။ စာပို့ရ မခက်ဘူး။ အဆက်အသွယ် ဘယ်တော့မှ မပြတ်တတ်ပါဘူး။
🤍 သူ့ကြောင့် ကိုယ့်နောက်ကျောဟာ အမြဲလုံနေပါတယ်။ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့်သူ မဟုတ်တဲ့အပြင် ရောက်လာမယ့်ဓားတွေကိုပါ cover လုပ်ပေးနိုင်သူ ဖြစ်ပါတယ်။
🤍 သူနဲ့ဆိုရင် အင်မတန် လွတ်လပ်ပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုအတိုင်း 100% နေထိုင်နိုင်ပါတယ်။ သူနဲ့ဆို ဟန်ဆောင်ခြင်းတွေ အားလုံး အားလုံး ခွါချလိုက်နိုင်ပါတယ်။
🤍 သူဟာ ကိုယ့်ရဲ့ ကောင်းမွန်ခြင်းတွေကို ပိုပြီး ကောင်းမွန်လာစေပါတယ်။ Bright Side တွေကို ပိုပြီး တောက်ပစေပါတယ်။
🤍 ကိုယ့်ရဲ့ ဆိုးယုတ်ခြင်းတွေကိုတော့ လျော့ပါးသွားစေပါတယ်။ Dark Side တွေကို မှေးမှိန်စေပါတယ်။
🤍 သူ့ဆီမှာ အရာရာကို ရင်ဖွင့်နိုင်ပါတယ်။ ကိုယ်ပြောသမျှ နားထောင်ပေးမယ့် နားတစ်စုံ၊ ကိုယ်အားငယ်ရင် ဖေးမမယ့် လက်တစ်စုံ၊ ကိုယ်ငိုကြွေးရင် လက်ခံမယ့် ရင်ခွင်တစ်ခု သူ့မှာ ရှိပါတယ်။
🤍 သူနဲ့ဆို ရင်ထဲ လေးလံနေတာတွေဟာ ပေါ့ပါးသွားတယ်။ တင်းကြပ်နေတာတွေဟာ ဖြေလျော့သွားတယ်။ ပြဿနာတွေဟာ တစ်ဝက်လောက် သက်သာသွားတယ်။
🤍 သူဟာ ကိုယ့်အပေါ် အချိန်ပေးနိုင်ပါတယ်။ ဂရုစိုက်နိုင်ပါတယ်။ အချိိန်အားလုံး ဂရုစိုက် အကဲပိုနေတာမျိုးတော့မဟုတ်ဘဲ လိုအပ်တဲ့အချိန်တွေ၊ ခက်ခဲတဲ့အချိန်တွေမှာ အမြဲရှိနေတတ်ပါတယ်။ အမြဲဂရုစိုက်ပေးတတ်ပါတယ်။
🤍 သူဟာ ကိုယ့်ကို compliment ပေးပါတယ်။ ချိုသော ကောင်းသော စကားတွေသာ ဆိုပါတယ်။ ချီးကျူးသင့်တာ ချီးကျူးပြီး လိုအပ်နေတာဆို အပြုသဘောဘက်ကနေ ထိထိရောက်ရောက် ဂရုတစိုက် ထောက်ပြတတ်ပါတယ်။
🤍 သူနဲ့အတူတူရှိနေတိုင်းမှာ လောကကြီးတစ်ခုလုံး အပိုင်ရထားသလို ခံစားရစေပါတယ်။ ရှင်ဘုရင်တစ်ပါးလို ထည်ဝါပြီး ကမ္ဘာကျော်တစ်ဦးလို တောက်ပနေတတ်ပါတယ်။
ဒါတွေကြောင့် Feel Special ဖြစ်စေတာပါ။
ဘယ်လောက်တောင် တန်ဖိုးရှိလိုက်ပါသလဲ။
ကိုယ့်ကို Feel Special ဖြစ်စေတဲ့သူ
ဘဝထဲ ရောက်ရှိနေပြီဆိုရင်
သူ့ကို တန်ဖိုးထားဖို့ သိပ်အရေးကြီးပါတယ်။
သူကတော့ ကိုယ့်ကို Feel Special ဖြစ်စေပါရဲ့
ကိုယ်ကတော့ သူ့ကို Feel Special မဖြစ်စေဘူးဆို
ဒါဟာ ကိုယ့်ဘက်က အသွားအပြန်မရှိတဲ့ မေတ္တာ၊
ကိုယ့်ဘက်က မစစ်မှန်တဲ့ မေတ္တာ ဖြစ်ပြီး
သူ့ကို တစ်ချိန်မှာ ဆုံးရှုံးရနိုင်ပါတယ်။
ဆုံးရှုံးရတဲ့အခါမှ ၂ ဆ နာကျင်ရမယ့်သူဟာ
ကျိန်းသေ ကိုယ်ပဲ ဖြစ်မှာမို့
Feel Special ဖြစ်စေတဲ့သူကို တန်ဖိုးထားပြီး
ပြန်ကာ Feel Special ဖြစ်ပေးနိုင်ဖို့
remind လုပ်ပါရစေ။
AD
#crd

image