Part-4
ကဗျာဆရာ မောင်သိင်္ဂါ
မလင်းပြာ
ငါ နယူးယောက်ကို သွားရမယ်။
အဲဒီမှာ ဗီယက်နမ် စစ်ညစ် ရပ်စဲပစ်။
“တို့လူငယ်တွေ မသေချင်ဘူး”
ရင့်ကျူးဟစ်ဆို
အင်ပါယာအဆောက်အအုံကြီး ပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြ တပ်ကြီးတွေ
ဒီရေလှိုင်းအိ
တတိတိချီလေရာ
ငါပိုစတာတစ်ခု ဆွဲပြီး လိုက်ဦးမယ်။

မလင်းပြာ
ငါမလွမ်းချင်ဘူး။
မလင်းပြာ
ငါမငိုချင်ဘူး။
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်။
မလင်းပြာ
ငါ ခုပဲ စစ်ထွက်ရတော့မယ်။

မလင်းပြာ
မင်းဘာ့ကြောင့် မိုက်ချင်တယ်။
မလင်းပြာ
မင်းဘာ့ကြောင့် စိမ်းရတယ်။
မလင်းပြာ
မင်းပြည်သူတွေကိုချစ်တယ်ဆိုရင်။
မလင်းပြာ
မင်းပြည်သူတွေကို သနားတယ်ဆိုရင်
ပြည်သူ့တပ်ဖျားက
စစ်သားကြီးတစ်ယောက်ရဲ့
တောက်ပတဲ့ သံမဏိနှလုံးသားကိုမှ
အားရမွကြေ နှင်းဆီပန်းနုနုလေးလို
မင်း ချေချင်ရသလဲ။

#ဆက်ရန်ရှိ