❝အင်ဒိုနီးရှားနိုင်ငံက ထောက်ပံ့လှူဒါန်းသည့် ပိုလီယိုအစက်ချ ကာကွယ်ဆေး (၂.၇၁၆)သန်းကို ရန်ကုန်မြို့သို့ ပို့ဆောင်❞

ဒီဇင်ဘာ ၂၀

အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့လှူဒါန်းသည့် ပိုလီယိုအစက်ချ ကာကွယ်ဆေး (၂.၇၁၆) သန်း doses of Polio bOPV ကို ရန်ကုန်မြို့သို့ ပို့ဆောင်ခြင်းအခမ်းအနားတစ်ရပ် ဒီဇင်ဘာလ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းအခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးမန်ဟောက်ထန် ပါဝင်တက်ရောက်ခဲ့သလို အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါးစီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Agusdini Banun Saptaningsih တို့လည်း ပါဝင်တက်ရောက်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူး Ms. Rina Setyawati၊ အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (Indonesian Agency for International Development – Indonesian AID)မှ အမှုဆောင်အရာရှိချုပ် Mr. Tor Tobing တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage