17 ပတ် - ဘာသာပြန်ပါ။

၈ မိနစ်အားသွင်း၊ ၈၀ ရာခိုင်နှုန်း ပြည့်တဲ့ လျှပ်စစ်ကား ဘက်ထရီ
====================================

လျှပ်စစ်ကားတွေ အားသွင်းရတာ ကြာတယ်ဆိုတဲ့ ဝေဖန်သံတွေ သိပ်မကြာခင် ပျောက်သွားတော့မှာ ဖြစ်ပါတယ်။ နည်းပညာ ကုမ္ပဏီတွေက အားသွင်းမြန်တဲ့ လျှပ်စစ်ကား ဘက်ထရီတွေကို တီထွင်နေပါတယ်။

အခုတော့ ဂျာမနီ အခြေစိုက် FEV ကုမ္ပဏီက ထိုင်ဝမ်ရဲ့ ProLogium နဲ့ ပူးပေါင်းပြီး လျှပ်စစ်ကားတွေအတွက် စွမ်းရည်မြင့် Large-Footprint Lithium Ceramic ဘက်ထရီ (LLC ကို ဖန်တီးလိုက်ပါတယ်။ ဘက်ထရီဟာ ၅ မိနစ်နဲ့ ၆၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး ၃၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ ၈ မိနစ်အားသွင်းရင် ၈၀ ရာခိုင်နှုန်း အားပြည့်ပါတယ်။ အများဆုံး အနေနဲ့ ၆၂၅ မိုင် (၁,၀၀၀ ကီလိုမီတာ) အထိ မောင်းနှင်နိုင်ပါတယ်။

LLCB မှာ သမားရိုးကျ Graphite Anodes တွေထက် စွမ်းအင် သိုလှောင်မှု ၁၀ ဆ ပိုများတဲ့ Silicon Composite ဒြပ်ထုနဲ့ တည်ဆောက်ထားတဲ့ အဆင့်မြင့် Anode ပါပါတယ်။ ကားစီးသူတွေအတွက် ဘေးကင်းစေတဲ့ မီးမလောင်နိုင်တဲ့ Solid-state Electrolyte ကို အသုံးပြုထားပါတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ လျှပ်စစ်ကားတွေကို မိနစ်အနည်းငယ် အားသွင်းတာနဲ့ မိုင်ပေါင်းများစွာ မောင်းနှင်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Tech Explorers

image