Part-2
ကဗျာဆရာ မောင်သိင်္ဂါ
မလင်းပြာဆိုတာရော အဓိပ္ပာယ်သိလား။ လင်းပြာဆိုတာ ချိုးလင်းပြာလို့ ပြောတာ။ သဘောကောင်းတဲ့၊ အေးဆေးတဲ့ ငြိမ်းချမ်းရေး ချိုးမလေးလို့ အဓိပ္ပာယ် ရတယ်။ ကျီးကန်းတို့၊ ဆက်ရက်တို့(ဇရက်)တို့လို မစွာဘူး မပျာယာဘူးပေါ့။
မလင်းပြာ
မလင်းပြာ
မင်းဘာကြောင့် မိုက်ချင်တယ်
မလင်းပြာ
မင်းဘာကြောင့် စိမ်းရတယ်
မလင်းပြာ
ငါ့လက်တံ လက်မောင်းတွေဟာ
တရကြမ်း ချီလာနေတဲ့
သံချပ်ကာ တင့်ကားကြီးကို
ကာဆီးဟန့်တား
ဆွဲကိုင်ရပ်ထားနိုင်အောင် သန်မာရမယ်။

မလင်းပြာ
ငါ့ရင်ကိုခွဲ
ငါ့အသည်းနှလုံးကိုထုတ်
နောက်တစ်လှမ်းဆုတ်
ရှေ့တအားပစ်သွင်းလိုက်ရင်
“မရင်းတပ်သားတွေ အတုံးအရုံး ဗုန်းခနဲ ဗုန်းခနဲ
လဲသေစေနိုင်ရမယ်။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး။
ငါ မပျော့ချင်ဘူးကွယ်။
ငါ ခုပဲ စစ်ထွက်ရတော့မယ်
မလင်းပြာ
ငါ ဗီယက်နမ်ကို သွားရမယ် အဲဒီမှာ ရွှံ့ရည်ညစ်ညစ်
သလုံးသားနှစ်တဲ့ လယ်တရိုးမှာ
ပျိုးနုတ်နေသူ လုံမရဲ့
ကျောက ရိုင်ဖယ်ကိုယူ
ကျူးလာသူ လေယာဉ်မှန်သမျှ ငါစောင့်ပစ်ပေးရမယ်။

#ဆက်ရန်ရှိ