နိုင်ငံတကာသတင်းတိုများ
၁။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည်အစ္စရေးကထပ်မံသိမ်းပိုက်လိုက်သောဆီးရီးယားနိုင်ငံအတွင်းသွားရော က်ခဲ့သည်။
၂။ရွေးကောက်ခံသမ္မတထရမ့်ကသူသမ္မတရာထူးလက်မခံမီဂျပန်ဝန်ကြီးချုပ်အီရှီဘာနှင့်တွေ့ဆုံလိုသည်ဟုပြောသည်။
၃။ရုရှားဒုတိယဗိုလ်ချုပ်ကြီးလုပ်ကြံခံရမှုတွင်အမေရိကန်အနေဖြင့်ပါဝင်ပတ်သက်ခြင်းမရှိသလိုမည်သည့်သတင်းမှလည်းကြိုတင်မရရှိကြောင်းအမေရိကန်အစိုးရကငြင်းဆိုလိုက်သည်။
၄။ယူကရိန်းသမ္မတဇလင်စကီးကရုရှားနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ဟန်ဂေရီဝန်ကြီးချုပ်အော်ဘန်ကိုကြားခံလူအဖြစ်အသုံးပြုရန်ငြင်းဆိုလိုက်သည်။
၅။ရုရှားဗိုလ်ချုပ်ကြီးကိုလုပ်ကြံသတ်ဖြတ်သူဥဇဘက်နိုင်ငံသားအာမက်ကာဗန်နော့ဗ်ကိုရုရှားထောက်လှမ်းရေးကဖမ်းမိခဲ့ရာတရားခံကသူ့ကိုယူကရိန်းထောက်လှမ်းရေးကဒေါ်လာတစ်သိန်းနှင့်ဥရောပသမဂ္ဂပတ်စ်ပိုပေးမည်ဟုကမ်းလှမ်းသဖြင့်လုပ်ကြံခဲ့ကြောင်းဖြောင့်ချက်ပေးခဲ့သည်။
NOM