18 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။အစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုသည်အစ္စ​ရေးကထပ်မံသိမ်းပိုက်လိုက်​သောဆီးရီးယားနိုင်ငံအတွင်းသွားရော က်ခဲ့သည်။

၂။​ရွေး​ကောက်ခံသမ္မတထရမ့်ကသူသမ္မတရာထူးလက်မခံမီဂျပန်ဝန်ကြီးချုပ်အီရှီဘာနှင့်​တွေ့ဆုံလိုသည်ဟု​ပြောသည်။

၃။ရုရှားဒုတိယဗိုလ်ချုပ်ကြီးလုပ်ကြံခံရမှုတွင်အ​မေရိကန်အ​နေဖြင့်ပါဝင်ပတ်သက်ခြင်းမရှိသလိုမည်သည့်သတင်းမှလည်းကြိုတင်မရရှိ​ကြောင်းအ​မေရိကန်အစိုးရကငြင်းဆိုလိုက်သည်။

၄။ယူကရိန်းသမ္မတဇလင်စကီးကရုရှားနှင့်ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲအတွက်ဟန်​​ဂေရီဝန်ကြီးချုပ်​အော်ဘန်ကိုကြားခံလူအဖြစ်အသုံးပြုရန်ငြင်းဆိုလိုက်သည်။

၅။ရုရှားဗိုလ်ချုပ်ကြီးကိုလုပ်ကြံသတ်ဖြတ်သူဥဇဘက်နိုင်ငံသားအာမက်ကာဗန်​နော့ဗ်ကိုရုရှား​ထောက်လှမ်း​ရေးကဖမ်းမိခဲ့ရာတရားခံကသူ့ကိုယူကရိန်း​ထောက်လှမ်း​ရေးက​ဒေါ်လာတစ်သိန်းနှင့်ဥ​ရောပသမဂ္ဂပတ်စ်ပို​ပေးမည်ဟုကမ်းလှမ်းသဖြင့်လုပ်ကြံခဲ့​ကြောင်း​ဖြောင့်ချက်​ပေးခဲ့သည်။

NOM