18 ပတ် - ဘာသာပြန်ပါ။

ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၅၆.၆၁၄) သန်း ရရှိထား

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၏ (၈) လတာကာလအတွင်း ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၅၆.၆၁၄) သန်း ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဧပြီ (၁) ရက်မှ နိုဝင်ဘာ (၃၀) ရက်အထိ တန်ချိန် (၂၄၀,၀၀ဝ) တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါကကန် ဒေါ်လာ (၃၉.၃၄၄) သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ဂျပန်၊ ကိုရီးယား၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၄၀) ကျော်ကို နှစ်စဉ် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း (၁၄၀) ကျော်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဉ်လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပြည်ပသို့ အဓိက တင်ပို့သည့် ရေထွက်ကုန်အမျိုးအစားများမှာ ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်၊ ငါးရှဉ့်၊ ပုစွန် နှင့် ဂဏန်း အစရှိသည့် ရေထွက်ကုန်များပါဝင်ကြောင်း သိရသည်။

image