18 w - Translate

ငွေလွှဲပို့ထားသည့် အထောက်အထားပြနိုင်မှသာ OWIC ကတ်ထုတ်ပေးသွားမည်

ပြည်ပတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေနှင့် ခွင့်ဖြင့်ပြန်လာပါက ငွေလွှဲပို့ထားသည့် အထောက်အထားပြနိုင်မှသာ OWIC ကတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှသတ်မှတ်ထားသည့်ဘဏ်များမှတဆင့် လွှဲပြောင်းခြင်းပြုရန်နှင့် ပြည်ပသို့မထွက်ခွာမီ အလုပ်ရှင်အလုပ်သမား စာချုပ်ချုပ်ရာတွင် လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှတဆင့် ပြန်လည်လွှဲပြောင်းရန် အသိပေးထားပြီးဖြစ်သည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့် ဖြစ်စေ၊ ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License ရရှိသူများဖြင့် ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့် ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ ၏ ၂၅ ရာခိုင်နှုန်း၊ သို့မဟုတ် အများဆုံး (၃) လလျှင် တစ်ကြိမ် (၃)လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းထဲသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်သည်။

imageimage