ရန်ကုန်တက္ကသိုလ်တွင် Diploma in Political Science (DPS) သင်တန်း ဖွင့်လှစ်မည်
ရန်ကုန်တက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် Diploma in Political Science (DPS) သင်တန်းအား (၉)လကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းကို ဇန်ဝါရီလ (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇)နာရီမှ (၉) နာရီ ) တစ်ပတ်လျှင် (၅) ရက်တက်ရောက်ရမည်ဟု သိရသည်။
အဆိုပါသင်တန်းအား လျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရမည် ဖြစ်ကာ လျှောက်ထားလိုသူများသည် ဒီဇင်ဘာလ (၁၈)ရက်မှ (၂၇) ရက်အထိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်းလည်း သိရသည်။
