ရန်ကုန်၌ ရွေးကောက်ပွဲဝင်ပြိုင်ရန် အခြေပြုထားသော နိုင်ငံရေးပါတီပေါင်း(၁၃)ခုထက်မနည်းရှိနေ

ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရွေးကောက်ပွဲဝင်ပြိုင်ရန် အခြေပြုထားသော နိုင်ငံရေးပါတီ ပေါင်းမှာ (၁၃)ခုထက်မနည်းရှိနေကြောင်း နစကအစိုးရ၏ သတင်းအချက်အလက်များအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် လက်ရှိနစကအစိုးရလက်ထက်တွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီး ဖြစ်သည့် နိုင်ငံရေးပါတီပေါင်းမှာ (၅၃)ပါတီရှိကြောင်း သိရသည်။

အဆိုပါနိုင်ငံရေးပါတီများအနက် ရန်ကုန် တိုင်းဒေသကြီးကိုအခြေပြုကာ ပါတီမှတ်ပုံတင်ထားသည့်ပါတီပေါင်းမှာ လက်ရှိတွင် (၁၃)ပါတီရှိပြီး ၎င်း ပါတီများသည် ရန်ကုန်တိုင်းအတွင်း၌သာ မဲဆွယ်စည်းရုံးကြရမည်ဖြစ်သည်။

ရန်ကုန်တိုင်းကိုအခြေပြု၍တည်ထောင်ထားသည့်ပါတီများမှာ မြန်မာပြည်သူ့ဒီမိုကရက် တစ် ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူ မျိုးများဒီမိုကရေစီပါတီ၊ လေဘာပါတီ၊ (၈၈)မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင် ငံ) ပါတီ၊ လူထုပါတီ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီနှင့် ညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်သည်။

“ရန်ကုန်တိုင်းအခြေစိုက်ပါတီတွေဟာ ရန်ကုန်မှာရှိတဲ့ မဲဆန္ဒနယ်တွေပေါ့။ လွှတ်တော်သုံးရပ် စလုံးမှာ ဝင်ပြိုင်လို့ရတယ်။ ရန်ကုန်တိုင်းအခြေစိုက်ဆိုတာ ရန်ကုန်လွှတ်တော်တစ်ခုတည်းကိုပဲ ဝင်ပြိုင် ခွင့်ရှိတာမဟုတ်ဘူး။ ရန်ကုန်မှာရှိတဲ့ ပြည်သူ့ လွှတ် တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တွေမှာ ဝင်ပြိုင်ခွင့်ရှိတယ်။ တစ်ပြည်လုံးဟာကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ခွင့် ရှိတာပေါ့။ ဥပမာ-ရန်ကုန်တိုင်းအခြေစိုက်ပါတီက ပဲခူးမှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ သွားပြိုင်လို့မရဘူး။ ဆိုတော့ တစ်ပြည်လုံးအခြေစိုက်ပါတီတွေကတော့ အားသာချက်ရှိတာပေါ့။ ဘာအားသာလဲဆိုရင် တစ် ပြည်လုံး ကြိုက်ရာမဲဆန္ဒနယ်မှာ ဝင်ပြိုင်ခွင့်ရှိတဲ့အတွက် လွှတ်တော်ထဲမှာအများစုကိုယ်စားပြုခွင့်ရမှာ ပေါ့။ တိုင်းတို့၊ ပြည်နယ်တို့အခြေစိုက်တဲ့ပါတီတွေကတော့ သူတို့ရဲ့ဒေသတွေကိုပဲ ကိုယ်စားပြုပြီး ပြော ခွင့်ရှိတော့မှာပေါ့” ဟု အမျိုးသားဒီမိုကရေပါတီသစ်မှ ဒုဥက္ကဋ္ဌဦးခိုင်မင်းက ပြောသည်။

ပြီးခဲ့သော ရွေးကောက်ပွဲများတွင် ရန်ကုန်တိုင်းအတွင်း၌ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂) ခု၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၄၅)ခုနှင့် တိုင်းလွှတ်တော်မဲဆန္ဒနယ် (၉၀)တို့ဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

အလားတူ လွန်ခဲ့သော ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လွှတ်တော်မဲဆန္ဒနယ်စုစုပေါင်း (၁၁၀ဝ)ကျော်ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်ကိုတွေ့ရှိရသည်။အသစ်ပြဋ္ဌာန်းလိုက်သည့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ လတ်တလောတွင် ပြည်ထောင်စုတစ်ဝန်းလုံးကိုစည်းရုံးမည့် နိုင်ငံရေးပါတီပေါင်းမှာ (၉)ပါတီရှိကြောင်းလည်း သိရသည်။

နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်း နှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ ပါတီ)၊ အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် ပြည်သူ့ပါတီတို့ ဖြစ်ကြသည်။

လက်ရှိတွင် နိုင်ငံတော်တာဝန်များကို ရယူထားသည့် နစကအစိုးရအနေဖြင့် လာမည့်အထွေထွေ ရွေးကောက်ပွဲကို (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ကျင်းပရန် လျာထားကြောင်းသိရပြီး နယ်မြေ လုံခြုံရေး အခြေအနေများအရ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားရန် စဉ်းစားထားကြောင်း သိရ သည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image