တောင်ဒဂုံမြို့ရှိ လ-ဝ-က ရုံးဝန်းအတွင်း၌ ရုံးစာရေးအမျိုးသမီးကို ချစ်သူကောင်လေးမှ ဝက်အူလှည့်ဖြင့်ထိုး
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်၊ GEC မှတ်တိုင်အနီးရှိ လ-ဝ-က ရုံးဝန်းအတွင်း ရုံးစာရေးအမျိုးသမီးကို ချစ်သူကောင်လေးမှ ဝက်အူလှည့်ဖြင့်ထိုးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၃၀ အချိန်တွင် ထိုရုံးဝန်းအတွင်းသို့ ဝင်ရောက်ကာ လ-ဝ-က ရုံးစာရေးအမျိုးသမီးကို ၎င်း၏ချစ်သူကောင်လေးမှ ဝက်အူလှည့်ဖြင့် လည်ပင်းနှင့် ဦးခေါင်းကို ထိုးခဲ့ကြောင်း သိရသည်။
“လ-ဝ-က ရုံးဝန်းထဲမှာ ဖြစ်တာ။ သူတို့က သမီးရည်းစားနှစ်ဦး။ ကောင်လေးက ကောင်မလေးရဲ့ လည်ပင်းနဲ့ ခေါင်းကို ဝက်အူလှည့်နဲ့ ထိုးလိုက်တာ။ အဲ့ဝက်အူလှည့်နဲ့ အထိုးခံရတဲ့ ကောင်မလေးက ရုံးစာရေး၊ ကောင်လေးကိုလည်း ဖမ်းမိတယ်” လို့ မျက်မြင်သူတစ်ဦးမှ ပြောသည်။
ဝက်အူလှည့်ဖြင့် အထိုးခံရသည့် အမျိုးသမီးကို မြောက်ဥက္ကလာပဆေးရုံသို့ ရှင်သန်ခွင့် လူမှုကူညီရေးယာဉ် ဖြင့်ပို့ဆောင်ကူညီခဲ့ပါသည်။
Photo - Credit
#centralnewsnaypyitaw
