18 ပတ် - ဘာသာပြန်ပါ။

၂သောင်းလောက်နဲ့ အသားကင်ကို ဘူဖေးလို အဝစားရမယ့်ဆိုင်..♨️🥓
အသားကင်ကို တစ်ပွဲချင်းစားတာ အားမရလို့ ဘူဖေးလို အဝစားချင်တဲ့သူတွေအတွက်… ဒီဆိုင်က အပြီးစီးစျေးမှ ၂၀,၈၀၀ ကျပ်✨
ဆိုင်ကလည်း Rooftop လို အပေါ်ဆုံးထပ်မှာ ဖွင့်ထားတာ.. ညှော်မှာဘာညာတော့ စိတ်ပူစရာမလို
ပုံမှန်ဆို Rooftop ဘား ဘာညာပဲရှိတာ။ ဒီဆိုင်ကတော့ တမူထူးခြား ဝက်ကင်ကို အပေါ်ဆုံးထပ် တက်စားရတဲ့ vibe..🫢
ခုလို ရာသီဥတုအေးအေးလေးမှာ ညနေခင်းဆို လေတဖြူးဖြူး နဲ့ ထိုင်လို့တော့ကောင်းတယ်။ အကင်လေး ကင်စားလိုက်၊ ဘျာလေးမှာသောက်လိုက် နဲ့ အေးချမ်းတိတ်ဆိတ်နေရော..
အသားကင်က ရွေးစရာများများစားစားတော့ မပါဖူး.. ကြက်/ ဝက်/ သုံးထပ်သား ၃ မျိုး ကြိုက်တာစားလို့ရတယ်။ ပြောရရင် ဝက်ဆလပ် အဝစားဘူဖေးပုံစံရောင်းတာ..
အသား free flow ရယ် ဆလပ်ရွက်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ အကုန် free flow ယူလို့ရတယ်
အသားကင်နဲ့ တွဲစားဖို့က ထိုင်းဆော့စ်နဲ့ မန်ကျည်းဆော့စ်လေး ချပေးတယ်..
အကင်ဗန်းကလည်း မြန်မြန်နဲ့ကျက်လွယ်တော့ အကြာကြီးစောင့်စရာမလိုဖူး.. အသားလွှာတွေက ထူထူအိအိကွာလတီမျိုး..🥩
အဲ့တာကို ၁ယောက် ၂၀,၈၀၀ ကျပ်အပြီးစီးနဲ့ ဘူဖေးစားချိန် ၂ နာရီ ပေးထားတာ.. ဝက်သား ၁ပိသာ ၃သောင်းခေတ်မှာ ဘူဖေး အဝစားကို ၂သောင်းလောက်နဲ့ စားရတာ စားနိုင်ရင်တော့ ယူတို့အတွက်ချည်းပဲ..🫢
(ဒီစျေးနဲ့ ဒီလကုန်ထိပဲ ရမှာနော်။ နောက်နှစ်ဆို စျေးပြောင်းဖို့ရှိတယ်ကြားတယ်။ သွားမယ်ဆို စျေးမတက်ခင်လေး သွား🫶🏻)
ပြီးတော့ အကင်လေးနဲ့လိုက်မယ့် ဘီယာကို တစ်ခွက် ၂၀၀၀ ကျပ်နဲ့ Buy 3 Get 1 Free ပါ ပေးထားတယ်..🍺
ညနေခင်း အေးဆေးထိုင်ပြီး နေဝင်ချိန်လေးကြည့်~ အသားကင်စားရင်း Chill လို့ရမယ့်နေရာ… ဆိုင်က ၁၀ ဝိုင်းစာလောက်ပဲရှိတော့ သွားမယ်ဆို ဖုန်းဆက်ပြီး ဘိုကင်ကြိုယူသွားနော်..
ဆိုင်နာမည်က - Natural Cascade Rooftop
☎️ ဖုန်းနံပါတ် - 09 891127676
⏰ဆိုင်ဖွင့်ချိန် - 100 AM - 100 PM
🏠 အမှတ် 717 ၊ သဒ္ဒါလမ်း၊ 4 ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ (၄/၆ ဗြဟ္မစိုရ်လမ်းအနီး)၊ ရန်ကုန်မြို့။
#naturalcascaderooftop #ဝက်ဆလပ် #porksalad #buffet #eatwithseng #foodreview #foodblog
#crd

image