18 w - Translate

ဗဟိုဘဏ်မှ နိုင်ငံခြားငွေများဖြစ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် ယွမ်များကို ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ ဒီဇင်ဘာလ (၁၆) ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၂၈) သန်းကျော်၊ ထိုင်းဘတ် (၁) သန်းနှင့် တရုတ်ယွမ် (၇) သိန်းကျော်ကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

ဗဟိုဘဏ်မှ နှစ်သစ်ကူးရုံးပိတ်ရက်အနီး သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေအခက်အခဲမရှိစေရန် အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိသည်။

နိုင်ငံခြားငွေများ ထုတ်ရောင်းပေးမှုအနေဖြင့် ယခုဒီဇင်ဘာလ (၂) ရက်မှ (၁၆) ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၁၀၉) သန်းခွဲ၊ ထိုင်းဘတ် (၃၀၉ ဒသမ ၄၇၅) သန်းနှင့် တရုတ်ယွမ် (၈ ဒသမ ၇၄၆) သန်းအထိ ရောင်းချပေးထားပြီးဖြစ်ကြော င်း စာရင်းများအရ သိရသည်။

ထို့ပြင် ပြင်ပဈေးကွက်တွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် အတတ်၊အကျမရှ် တည်ငြိမ်နေပြီး ယနေ့တွင် တစ်ဒေါ်လာ (၄,၄၂၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ် (၁၃၁) ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် (၆၁၆)ကျပ် ဖြစ်နေကြောင်း သိရသည်။

image