18 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့အကြီးဆုံး စက်ရုံကြီး
________________________
֍ ထုထည်အားဖြင့်တွက်ရင် ကမ္ဘာပေါ်မှာ အကြီးဆုံးစက်ရုံကြီးကတော့ အမေရိကန်ဝါရှင်တန်ပြည်နယ်က Everett မြို့မှာ တည်ရှိနေပါတယ်။
֍ ဒီစက်ရုံကြီးရဲ့အမည်က Boeing Everett Factory ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Boeing က ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပါတယ်။
֍ ၁၉၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီစက်ရုံကြီး နာမည်ကျော် Boeing 747 ၊, 767, 777, 787 စတဲ့ လေယာဉ်အမျိုးအစားပေါင်းများစွာကို တည်ဆောက်ပေးနေတဲ့ စက်ရုံလည်းဖြစ်ပါတယ်။
֍ စတင်ဖွင့်လှစ်ချိန်ကနေစလို့ ယနေ့အချိန်အထိ လေယာဉ်အစင်းပေါင်း ၅၀၀၀ကျော် ကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ဝန်ထမ်းဦးရေ ၃၀,၀၀၀ ကျော် နဲ့ လည်ပတ်လျက်ရှိပါတယ်။
֍ ဒီစက်ရုံကြီးကို ၁၀၀၀ ဧကခန့် ကျယ်ဝန်းတဲ့မြေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး စက်ရုံရဲ့ စုစုပေါင်းအကျယ်အဝန်းက စတုရန်းပေ ၄.၃သန်းခန့်ဖြစ်ပြီး ထုထည်အနေနဲ့တွက်ရင် ကုဗပေ ၄၇၂သန်း အထိ ရှိနေတာလည်းဖြစ်ပါတယ်။
#credit_thuta City

image